Skip to main content

နေပြည်တော်၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချ

နေပြည်တော် ဇူလိုင် ၁၄

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၉၉ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိသည်။

ဇူလိုင် ၁၄ ရက်တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) သုံးအိတ်၊ ဆန် ငါးပြည် ပါ (ဖျာပုံပေါ်ဆန်း) နှစ်အိတ်၊ စားအုန်းဆီ ပိဿာ ၁၀၀၊ ဆား ၃ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၀ ကျပ်သားပါ ၁၀ ထုပ်၊ ငါးပိ ၈၀ ကျပ်သား၊ ငါးတံခွန် ၁၀ ကျပ်သားပါ သုံးထုပ်၊ ငါးပုတ်သင် ၁၀ ကျပ် သားပါနှစ်ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါတစ်ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ နှစ်ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥအလုံး ၃၀၊ ဘဲဥ ၁၅ လုံး၊ ခေါက်ဆွဲခြောက် ခုနစ်ထုပ်တို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်သည်။

အလားတူ စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (ရွှေဝါထွန်း) တစ်အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆားငါးပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိနှစ်ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါ ၁၀ ထုပ်၊ ပုစွန်ခြောက် ၁၀ ကျပ်သားပါ သုံးထုပ်၊ ကြက်ဥအလုံး ၇၀၊ ဘဲဥ ၂၅ လုံး၊ ကြက်သွန်နီ ခုနစ်ပိဿာနှင့် အသားတု တစ်ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင်လည်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၀ အိတ်၊ စားအုန်းဆီပိဿာ ၁၁၀၀၊ ဆား ၂ ပိဿာ ၅၀ ကျပ်သား၊ ကုလားပဲ ၂၅ ကျပ်သားပါ ခြောက်ထုပ်၊ ငါးပိ ၅၀ ကျပ်သား၊ ငါးနီတူခြောက် ၁၀ ကျပ်သား ခြောက်ထုပ်၊ အာပဲ့ ခြောက် ၁၀ ကျပ်သား ၁၀ ထုပ်၊ ကြက်ဥ ၇၆၃ လုံး၊ ဘဲဥ ၂၅၈ လုံး နှင့် ခေါက်ဆွဲခြောက် ၇၅ ထုပ် တို့ကို သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကာ နေ့စဉ် ဆက်လက်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်