ရန်ကုန် ဇူလိုင် ၁၄
အဆင့်မြင့် အရာထမ်းသင်တန်းအမှတ်စဉ်(၂၇) သင်တန်းဖွင့်ပွဲကို ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခ ချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်က ဝန်ထမ်းအဖွဲ့အစည်း၏ကျောရိုးသည် စည်းကမ်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များအပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို တိတိကျကျလိုက်နာ စောင့်ထိန်းကာ ပါတီနိုင်ငံရေးကင်းရှင်းအောင် ပြုမူနေထိုင်ကြ ရန်လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၂၂ ဦး၊ သင်တန်းသူ ၂၄ ဦး စုစုပေါင်း ၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင် ၁၄ ရက်မှ စက်တင်ဘာ ၁၀ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်