နေပြည်တော် ဇူလိုင် ၁၄
စက်မှုဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ်(၃၀) ပရိဝုဏ်အတွင်းရှိ လျှိုပိတ်ဆည်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး လျှိုပိတ်ဆည်အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း၊ ငါးကျည်း၊ ထိုင်းငါးခုံးမ စသည့် ငါးသားပေါက်ကောင်ရေ ၁၅၀၀၀ ကို စိုက်ထည့်ပေးကြသည်။
ထို့အတူ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ပရိဝုဏ်အတွင်းရှိ တစ်ဖက်ပိတ်ဆည်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးသည့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၅၀၀၀ ကို စိုက်ထည့်ပေးခဲ့သည်။
အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပရိဝုဏ်အတွင်းရှိ လျှိုပိတ်ဆည်၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ငါးလုပ်ငန်း ဦးစီးဌာနက ပံ့ပိုးပေးသော ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်