Aug 21, 2020
`COVID-19 စီးပွားရေးကုစားမှု (CERP)အစီအစဉ် အရ ရှမ်းပြည်နယ်၊တောင်ကြီးခရိုင် အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 21, 2020
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအားနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ ညနေ ၄ နာရီတွင် ကန်ပက်လက်မြို့ ကုတင်(၅၀)ဆန့် မြို့နယ်ပြည်သူ့ဆေးရုံသစ် ဆောက်လုပ်မှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးကြပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
Aug 21, 2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေ့ရက်သည် ပြည့်မြောက်သွားပြီဖြစ်သည်။ အမည်စာရင်းတင်သွင်းမူအခြေအနေကို လေ့လာကြည့်ရာ လွှတ်တော်မဲဆန္ဒနယ်အသီးသီးတွင် နိုင်ငံရေးပါတီ ပေါင်း ၉၃ ခု က ကိုယ်စားလှယ်လောင်း ၆၇၄၂ ဦး၊ တစ်သီးပုဂ္ဂလအမည်စာရင်း တင်သွင်းသူ ၂၈၁ ဦး စုစုပေါင်း ၇၀၂၃ ဦး အမည်စာရင်း တင်သွင်းထားသည်။
Aug 21, 2020
မြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကြားကပဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ၊ ပြည်သူ ကြိုးစားဆောင်ရွက်နေတာကို အင်မတန်လေးစားပါတယ်။ ချီးကျူးပါတယ်။ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံဟာ တန်ဖိုးရှိ အလေးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်
Aug 21, 2020
၁။ (၂၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 21, 2020
NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနား ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ ကျင်းပပြုလုပ်ခဲ့စဉ်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃)ပိုင်းဖြင့် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့သည်။ ယခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃) ပိုင်းဖြင့် ချုပ်ဆိုကြမည်ဖြစ်သည်။ ။
Aug 21, 2020
မည်သို့သော အကြောင်းချင်းရာကြောင့်ဖြစ်စေ စစ်ပွဲများဆိုသည်က လူ့အသက်တို့နှင့် ရင်းရ၏။ ဘက်နှစ်ဖက်၊ သုံးဖက် သို့မဟုတ် မည်မျှများပြားသော ဘက်ပေါင်းတို့ စစ်မျက်နှာများဖွင့်ကြ၊ တိုက်ကြ သည်ဖြစ်စေ ဘက်အားလုံးတွင် ထိခိုက်နစ်နာမှု အနည်းအများဖြင့် ရှိကြသည်သာ။ တိုက်ခိုက်မှုများကြားက မည်သူ အနိုင်ရသည်ဖြစ်စေ နစ်နာထိခိုက်မှုများက အားလုံးတွင် ဖြစ်ခဲ့ပြီးပြီ။ ထို့ကြောင့်ပင် မြန်မာပြည်သူတို့က ငြိမ်းချမ်းရေးကို လိုလားသည့် အကြောင်း အခါအခွင့်သင့်တိုင်း ဖော်ထုတ်နေကြခြင်း ဖြစ်ပေသည်။
Aug 20, 2020
ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့၏ (၆) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ အိုမန်မှ (၂၈) ဦး၊ ဘာရိန်းမှ (၁) ဦး၊ ယူအေအီးမှ (၈၂) ဦး၊ အီဂျစ်မှ (၉) ဦး၊ ဘယ်လ်ဂျီယံမှ (၄) ဦး၊ မော်လ်ဒိုက်မှ (၂) ဦး၊ အစ္စရေးမှ (၇) ဦး၊ ဘင်္ဂလားဒေ့ရှ်မှ (၃) ဦး၊ ဘရာဇီးလ်မှ (၁၀) ဦး၊ ပြင်သစ်မှ (၈) ဦး၊ စပိန်မှ (၂) ဦး၊ တောင်အာဖရိကမှ (၂) ဦး၊ ပနားမားမှ (၃) ဦး၊ နိုင်ဂျီးရီးယားမှ (၂) ဦး၊ အမေရိကန်ပြည်ထောင်စုမှ (၁) ဦး၊ ဂျပူတီမှ (၁) ဦး စုစုပေါင်း မြန်မာနိုင်ငံသား (၁၆၅) ဦး လိုက်ပါလာခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံ သားများအနေဖြင့် ယနေ့ (၂၁ ၃၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြ ပါသည်။
Aug 20, 2020
အကြိမ်(၂၀)မြောက် ပြည်ထောင်စုဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ပတ္တမြားခန်းမတွင် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုရန် သဘောတူညီ၍ အတည်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။
Aug 20, 2020
ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး နည်းပညာ ပံ့ပိုးမှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။