ကန်ပက်လက် သြဂုတ် ၂၁
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဖွေအားနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ ညနေ ၄ နာရီတွင် ကန်ပက်လက်မြို့ ကုတင်(၅၀)ဆန့် မြို့နယ်ပြည်သူ့ဆေးရုံသစ် ဆောက်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ပက်လက်မြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ပေါင်းစပ်ညှိနှိုင်း လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
သန်းမောင်(ပြန်/ဆက်