Skip to main content

Oct 23, 2020

> မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၂၉) ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၅.၂၁) ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၃၄) ဘီလီယံ ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၃.၈၁) ဘီလီယံ၊ ၂၀၁၈ ခုနှစ် (Mini Budget) တွင် ကန်ဒေါ်လာ (၁၉) ဘီလီယံဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၁.၀၁) ဘီလီယံ၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ (၃၅.၁၅) ဘီလီယံဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၁.၀၃) ဘီလီယံနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၅-၉-၂၀၂၀ ရက်နေ့ထိ) ကန်ဒေါ်လာ (၃၆.၂၁) ဘီလီယံဖြစ်ပြီး၊ ကုန်သွယ်မှုလိုငွေမှာ ကန်ဒေါ်လာ (၁.၅၀) ဘီလီယံ ဖြစ်ပါသည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးအား All Nippon Airways လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) မှ စီစဉ်ကျင်းပသည့် Ethics & Best Practices ခေါင်းစဉ်ဖြင့် ရုပ်သံမှတ်တမ်းများ (Visual Archives) ဆိုင်ရာ အကြောင်းအရာများ၊ မှတ်တမ်းထိန်းသိမ်းခြင်း (Archiving) နှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချသည့် သင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းခြောက်ဦး တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

Young Insurance Co.,Ltd နှင့် SME-Development Bank တို့၏ ဘဏ်နှင့် အာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြစ်သော Bancassurance စတင်ဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပရာ Young Insurance Company မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးနှင့် SME Development Bank CEO ဒေါက်တာဇေယျာညွန့် တို့က နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလဲလှယ်လိုက်ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

အကြိမ် (၂၀) မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 23, 2020

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရောဂါပိုး ရှိ၊ မရှိ လူဦးရေ ၅၃၈၀၈၆ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့သူ ၃၈၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၈၁၄၇ ဦးရှိသည်ကို တွေ့ရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 22, 2020

ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မဟာဗျူဟာ (၂၀၁၈-၂၀၂၁) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ ဆန်းစစ်အကဲဖြတ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့် စနစ်ဖြင့် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်