နေပြည်တော်၊ အောက်တိုဘာ ၂၂
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) မှ စီစဉ်ကျင်းပသည့် Ethics & Best Practices ခေါင်းစဉ်ဖြင့် ရုပ်သံမှတ် တမ်းများ (Visual Archives) ဆိုင်ရာ အကြောင်းအရာများ၊ မှတ်တမ်းထိန်းသိမ်းခြင်း (Archiving) နှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ကျင့်ဝတ်များနှင့် စည်းမျဉ်း စည်းကမ်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချသည့် သင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းခြောက်ဦး တက်ရောက်ကြသည်။
သင်တန်းတွင် Visual Archive ဆိုင်ရာနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ကျင့်ဝတ်ဆိုင်ရာအချက်များနှင့် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရန်အတွက် အတွေ့အကြုံများ၊ နည်းလမ်းများကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်