Skip to main content

ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အဝါရောင် Mask Campaign ဆောင်ရွက်မှု အနေဖြင့် ပြည်သူများသို့ Mask (၂၀၀၀၀)၊ Faceshield (၁၀၀)ခု၊ N95 (၁၀၀၀) ဖြန့်ဝေ

ကမာရွတ် ဇန်နဝါရီ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အမှတ်(၂)ရပ်ကွက် ပြည်လမ်းအမှတ်(၆၁၅)ရှိ ကမ္ဘောဇဘဏ်ခွဲ(၁)ရှေ့တွင် ယနေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန်တွင်  ကျန်းမာရေး အသိပညာပေး Stop Covid အဝါရောင် Campaign ပညာပေး Billboard  အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်တိုင်းဒေသ ကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုး၊ ကမ္ဘောဇဘဏ်မှ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်ပါ တာဝန်ရှိသူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း၊ အခမ်းအနား တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျန်းမာရေးအသိပညာပေး Stop Covid အဝါရောင် Campaign ပညာပေးခြင်းများ ဘဏ်အတွင်း ဆောင်ရွက်မှု အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး အခမ်းအနားပြီးဆုံးကြောင်း သိရှိရသည်။

img1

 

img2

 

img3

 

ဆက်လက်၍ အမှတ်(၈) ရပ်ကွက် ပြည်လမ်းအမှတ် (၄၃၇/က)ရှိ မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်ဘဏ်ခွဲ) ရှေ့တွင် စိုက်ထူထားသည့် ကျန်းမာရေး အသိပညာပေး Stop Covid အဝါရောင် Campaign ဆိုင်းဘုတ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခချုပ်ဒေါက် တာဇော်ဝေစိုး၊ မြန်မာ့ခရီး သွားဘဏ်မှဥက္ကဋ္ဌ ဦးရန်ဝင်းပါ တာဝန် ရှိသူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း၊ Stop Covid အဝါရောင် Campaign တွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ မြန်မာ့ခရီးသွားဘဏ်မှ နှာခေါင်းစည်း (၂)သောင်းအား လှူဒါန်းခြင်း၊ မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်းမှ Face shield (၁၀၀)ခု၊ N95(၁၀၀၀) ခုတို့အား လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ ပြီး အခမ်းအနား ပြီးဆုံးကြောင်း သိရှိရသည်။

စိမ်းလဲ့(ပြန်/ဆက်)