Mar 27, 2021
၂၀၂၁ ခုနှစ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲနှင့် ဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာ ရင်ပြင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့ တက်ရောက်ကြသည်။
Mar 27, 2021
ယနေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြု ကန်တော့သည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
Mar 27, 2021
၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။
Mar 27, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့ ည(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 27, 2021
(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပီတန်း အားကစားအသင်း ပထမအကြိမ်လက်ရည်စမ်းပြိုင်ပွဲကို နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်း အတွင်းရှိ ပီတန်းလေ့ကျင့်ရေးကွင်း၌ မတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယပညာဦးစီဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆုများချီးမြှင့်သည်။
Mar 27, 2021
စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုလွင် သည် မတ်၂၅ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ရှိ အမှတ်(၁၀)အထည်စက်ရုံသို့ ရောက်ရှိပြီး မိမိထုတ်ကုန်ပစ္စည်းအား ဈေးကွက်ရှိ ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ရေး ဆောင်ရွက်ရန်၊ ကုန်ချောလက်ကျန်များ ကုန်စင်အောင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်ရုံရှိ ကုန်ကြမ်းများ ကို မိမိတို့ဌာနအတွင်းရှိ စက်ရုံများတွင် ပြန်လည်အသုံးပြုနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် စက်ရုံရေရှည်ရပ်တည် လည်ပတ်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။
Mar 27, 2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၂၀၂၁ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူ သိမ်တော်ကြီး၌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် ကျင်းပသည်။
Mar 27, 2021
၂၀၂၁ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြသည်။