Skip to main content

(၁၆)ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၆

 

(၁၆)ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပသည်။

 

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာညီညီကျော်က နိုင်ငံ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတွင် သစ်တော ကဏ္ဍမှ သစ်နှင့် အခြားသစ်တောထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုသကဲ့သို့ ကျေးလက်နေပြည်သူ လူထု၏ စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာအနေဖြင့် ထောက်အပံ့ရေး ဖွံ့ဖြိုးတိုးလျက်ရှိကြောင်း(FRA 2020) အရ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း ဖုံးလွှမ်းလျက်ရှိပြီးကောင်းမွန်သောရာသီဥတုအခြေအနေကို ဖန်တီးပေးခြင်း၊ မြေနှင့် ရေသယံဇာတ အရင်းအမြစ်များအား ထိန်းသိမ်းပေးခြင်း၊ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းခြင်းနှင့် ဂေဟစနစ် တည်ငြိမ်အောင် ပြုလုပ်ပေးခြင်း စသည့် အကျိုးကျေးဇူးများကို ထောက်ပံ့ပေးလျက်ရှိကြောင်း။ သစ်တောစီမံ အုပ်ချုပ်လုပ်ကိုင်ခြင်းကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် အချိန်နှင့် တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသော ကမ္ဘာလုံး ဆိုင်ရာ အခြေအနေများနှင့် စက်မှုဖွံ့ဖြိုးရေး အခြေအနေများအရ စဉ်ဆက်မပြတ် ထုတ်လုပ်ရေးမှ ထာဝစဉ်ဖွံ့ဖြိုး တိုးတက်ရေးသို့ ပုံမှန်သမားရိုးကျ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်းမှ ပူးပေါင်းပါဝင်သော စီမံအုပ်ချုပ် လုပ်ကိုင်မှုသို့ ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း။ “မြန်မာနိုင်ငံ သစ်တောများ ပြန်လည်ထူထောင် ရေးစီမံကိန်း” ကို ၂၀၁၇-၁၈ ခုနှစ်မှ ၂၀၂၆-၂၇ | ခုနှစ်အထိလည်းကောင်း၊ “တောရိုင်းတိရစ္ဆာန်များ အတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ်”ကို ၂၀၁၉-၂၀ ခုနှစ်မှ ၂၀၂၈-၂၉ ခုနှစ်အထိ လည်းကောင်း၊ အမျိုးသားအဆင့် REDD မဟာဗျူဟာများ (National REDD+ Strategies) “မြန်မာနိုင်ငံ၏ တရားဝင်သစ်ဖြစ်ကြောင်း အာမခံသည့်စနစ်” (MTLAS)နှင့် “တရားဝင် သစ်တောထွက် ပစ္စည်းများ ဥပဒေနှင့်အညီ ကူးသန်းရောင်းဝယ်ဖွံ့ဖြိုး ရေးဆိုင်ရာ ကောင်းမွန်သောသစ်တောစီမံအုပ်ချုပ် လုပ်ကိုင်မှု တိုးမြှင့်ဆောင်ရွက်ခြင်း” (FLEGT) စသည့် လုပ်ငန်းများကိုလည်း ကမ္ဘာပေါ်၌ ပြောင်းလဲ တိုးတက်နေသည့် အခြေအနေများ၊ လက်ရှိအခြေ အနေများအပေါ်မူတည်ကာ ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် နည်းပညာနှင့် ရန်ပုံငွေ ဆိုင်ရာ အခက်အခဲများ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါ၏ စိန်ခေါ်မှုများကြောင့် သစ်တောစီမံ အုပ်ချုပ်မှုတွင် ကန့်သတ်ချက်များ ရှိနေသော် လည်း အဆိုပါ အခက်အခဲနှင့် စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ထိရောက်သော ပူးပေါင်းပါဝင် ဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးကို အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်သစ်တောအရာရှိများ၊ အာဆီယံ အတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြပြီး အာဆီယံ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း အဖွဲ့ဝင်များက Online စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

 

သတင်းစဉ်