Skip to main content

May 14, 2021

မန္တလေးဆေးတက္ကသိုလ်၊ ပါမောက္ခချုပ်တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ ခင်မောင်လွင် သည် ဖေဖော်ဝါရီ ၈ ရက်တွင် မန္တလေးဆေးတက္ကသိုလ်အား CDM ကျောင်း အဖြစ်ကြေညာခြင်း၊ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်နှင့် ဝန်ထမ်းများ အားဦးဆောင်၍ CDM လှုပ်ရှားမှုတွင် ပါဝင်အားပေးကူညီဆောင်ရွက်ခြင်း၊ CDM လှုပ်ရှားမှု တွင်မပါဝင်သေးသည့် ဆရာဝန်နှင့် ဝန်ထမ်းများအား ပါဝင်လာ စေရန်စည်းရုံးလှုံ့ဆော်ခြင်း၊ ဖိအားပေးခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသ ရေးအဖွဲ့များ စုစည်း၍ ဒေသခံပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့် ကာကွယ်ဆေး များ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ်ကုသပေးခြင်း နှင့် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သောလူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက် ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် တလုပ်မြို့ကျေးရွာ၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူများ အား ဖြိုခွဲထိန်းသိမ်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက် သူအမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဆူပူအကြမ်းဖက် ရာတွင် အသုံးပြုသည့် လက်နက်/ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

ဒေါသ၊ မောဟ အကုသိုလ်စိတ်များလူတို့၏စိတ်သန္တာန်တွင်ဖြစ်ပေါ်လာသောကြောင့် ဣဿာ၊ မစ္ဆရိယ (မနာလိုခြင်း၊ ဝန်တိုခြင်း)ဟူသည့် တစ်စုံတစ်ရာ၊ တစ်ဦးတစ်ယောက်၊ တစ်ခုခုကို အကောင်းမမြင်နိုင်ခြင်း၊ အသိအမှတ်မပြုနိုင်ခြင်း၊ လက်မခံခြင်း၊ မပြုလုပ်စေလိုခြင်း စသည့်စိတ်ထားများ ထွန်းကားလာပါသည်။ မျက်မှောက်ကာလ၌ လူအများတွင် ထိုကဲ့သို့ စိတ်ထားများ ဖြစ်ပေါ်နေသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2021

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်၏ မဲစာရင်းများနှင့် မဲပေးခဲ့မှု အခြေအနေများအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးတွေ့ရှိမှုများကို သတင်းထုတ်ပြန်လိုက်ရာ ဥပဒေနှင့် မညီညွတ်မှုများ၊ မှားယွင်းမှုများ၊ ပျက်ကွက်မှုများနှင့် ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် လွတ်လပ်သန့်ရှင်းမှု အပေါ် သံသယဖြစ်ဖွယ်ရာ အချက်အလက်များ ပေါ်ထွက်လာသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၎င်း၏မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများကို သက်ဆိုင်ရာမြို့နယ် အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး များ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်