Skip to main content

ကိုဗစ်-၁၉ ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြုလူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော် ဇူလိုင် ၁၀

 

မကွေးတိုင်းဒေသကြီး မကွေးမြို့ ကွန်ပျူတာတက္ကသိုလ် (မကွေး)၊ မကွေး ပြည်သူ့ဆေးရုံကြီးနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့ရှိ ကိုဗစ်-၁၉ ရောဂါ သီးသန့်စောင့်ကြည့်ရမည့်သူများနှင့် ဓာတ်ခွဲအတည်ပြု လူနာများအတွက် ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ အာဟာရ ဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့ပြင် Quarantine Center ပြုလုပ်မည့် မကွေးတက္ကသိုလ်ရှိ ဗိဿနိုးအဆောင်ကို မကွေး တပ်နယ်မှ တပ်မတော်သားများက ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများနှင့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

 

သတင်းစဉ်