Skip to main content

ဟင်္သာတခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များအတွင်းရှိ မြို့များ၌ ပါးစပ်၊ နှာခေါင်းစည်းများ သွားရောက်ပေးဝေလှူဒါန်း

နေပြည်တော် ဇူလိုင် ၁၀

 

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့နှင့် အင်္ဂပူမြို့ မအူပင်ခရိုင် ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့၊ ဖျာပုံခရိုင် ဖျာပုံမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့်အတူ ပါးစပ်၊ နှာခေါင်းစည်း ၂၄၀၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်