ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရဲလွင်မောင်အား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဇူလိုင် ၂၁ ရက်က တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ ကျောက်ဖြူမြို့နယ်မှာ ဒီကနေ့ထိ ကိုဗစ် ၁၉ ရောဂါနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို သိချင်ပါ တယ်။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်မှာ ဒီရောဂါပိုးမတွေ့ခင် ကတည်းက ကာကွယ်ရေးတွေ လုပ်ပါတယ်။ အသံချဲ့စက်နဲ့ တစ်နေ့ကို ၂ နာရီခြား အသိပေး နှိုးဆော်တာတွေ၊ နှာခေါင်းစည်း(Mask) ဝေငှတာတွေ လုပ်ပါတယ်။ လုပ်နေရင်းနဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ ရောဂါပိုးတွေ့ရှိတဲ့ လူနှစ်ယောက် စတွေ့ပါတယ်။ မဖြစ်ခင်ကလည်း ပိုးတွေ့လူနာ ထားဖို့အတွက် စီစဉ်ထားပါတယ်။ ဆေးရုံအတွင်းမှာ ဆိုရင်တော့ ပိုးတွေ့လူနာ ၇၆ ယောက်ထားလို့ ရပါတယ်။ ဆေးရုံရှေ့ ရမ္မာဝတီခန်းမမှာ ပိုးတွေ့လူနာ ၅၈ ယောက် စုစုပေါင်း ၁၃၄ ယောက်ထားဖို့ အတွက် ကျွန်တော်တို့ ပထမပြင်ဆင်ခဲ့ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါဖြစ်လာရင် ဘယ်လိုနေထိုင်စားသောက်သင့်ပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ရောဂါဖြစ်ရင်တော့ မိမိရဲ့ကိုယ်ခံအား စနစ်ကောင်းအောင် စားသောက်ရမယ်။ အစားအသောက်ကလည်း လတ်လတ်ဆတ်ဆတ်တွေ ဖြစ်ဖို့လိုတာပေါ့။ ပရိုတင်းဓာတ် လည်း ပါရမယ်၊ ကစီဓာတ်လည်း ပါရမယ်၊ ဒါမျိုး တွေကို စားသောက်ရမယ်။
မေး။ ။ ကိုဗစ်-၁၉ရောဂါဖြစ်လာရင် မိမိကိုယ်ကိုဘယ်လိုစောင့်ရှောက် သင့်ပါသလဲ။
ဖြေ။ ။ ကိုဗစ်-၁၉ရောဂါ ဖြစ်လာရင် အဓိကကတော့ သံသယရှိတယ်ဆိုရင်တော့ အိမ်မှာ သီးခြားအခန်းနဲ့ နေရပါမယ်။ အခန်းထဲကအပြင် ကို မထွက်ရပါဘူး။ လေဝင် လေထွက်ကောင်း အောင် ပြတင်းပေါက်တွေကို ဖွင့်ထားရပါမယ်။ နောက်ပြီးတော့ အစားအသောက်တွေ လာပို့မယ်ဆိုရင်လည်း အခန်းအပြင်မှာပဲ ထားခဲ့ရပါမယ်။ စားပြီးရင်လည်း စားပြီးသားပန်းကန်တွေကို အခန်းအပြင်မှာပဲ ဆပ်ပြာရည်ထည့်ထားတဲ့ ဇလုံထဲကို ထည့်ရပါမယ်။ နောက် အိပ်ရေးဝဝ အိပ်ရပါမယ်။ ဒီလိုမျိုးတွေ ဆောင်ရွက်သင့်ပါတယ်။
မေး။ ။ ဆေးရုံမှာ လက်ရှိဆောင်ရွက်ပေးနေမှု အခြေအနေများကို သိချင်ပါတယ်။
ဖြေ။ ။ လက်ရှိကတော့ ဇူလိုင်လ ၂၁ ရက် မနက်ထိ ပိုးတွေ့ လူနာ ၁၁၅ ယောက်ရှိပါတယ်။ သူတို့တွေအတွက် လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပေးပါတယ်။ အောက်ဆီဂျင် လိုရင် အောက်ဆီဂျင်ပေးပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါရှိ/မရှိ ဘယ်လိုစစ်ဆေးပေးနေပါ သလဲ။ ဖြေ။ ။ ကျွန်တော်တို့ ကိုဗစ်-၁၉ ရောဂါ သံသယ လူနာတွေကို Rapid Diagnostic Test (RDT)နဲ့ စစ်ဆေးပေးပါတယ်။ နောက် RT-PCR စက်တွေနဲ့လည်း စစ်ဆေးပေးနေပါတယ်။
မေး။ ။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ့ရင် ဘယ်လိုဆက်သွယ်ဆောင်ရွက်ရပါ မလဲ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေ တွေ့လို့ရှိရင် ကျွန်တော်တို့ဆေးရုံမှာ Fever Clinic ဖွင့်ထားပါတယ်။ အဲဒီ Fever Clinic ကို လာရောက်ပြသလို့ ရပါတယ်။
မေး။ ။ ရောဂါပိုးတွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက်ပေးပါသလဲ။
ဖြေ။ ။ ပိုးတွေ့ရှိပြီဆိုရင် ပိုးတွေ့လူနာကို ကျွန်တော်တို့လိုအပ်တဲ့ ဆက်လက်စစ်ဆေး ရေးတွေ လုပ်ပြီးတော့ Positive လူနာတွေထားတဲ့ Isolation ward ကို သူ့ရဲ့ ရောဂါ ပြင်းထန်မှု အပေါ်မူတည်ပြီးတော့ ခွဲခြားပြီးထားပါတယ်။ ပြီးရင်တော့ ကုသမှုတွေ ပေးပါတယ်။
မေး။ ။ ဘယ်လို ရောဂါလက္ခဏာမျိုး ပြသရင်စိုးရိမ်ရတဲ့ အခြေအနေလို့ ခေါ်ပါသလဲ။
ဖြေ။ ။ ဖျားမယ်၊ အသက်ကြီးတဲ့သူတွေ သူ့မှာနဂိုရောဂါအခံ ဆီးချို၊ သွေးတိုး စသဖြင့်ပေါ့ နာတာရှည် ရောဂါအခံတွေရှိမယ်။ အသက်ရှူကျပ်မယ်၊ အောက်ဆီဂျင် ကျနေမယ်ဆိုရင် ဒါစိုးရိမ်ရတဲ့ လက္ခဏာပါ။ ။
မေး။ ။ လူနာတွေအတွက် အောက်ဆီဂျင် လိုအပ်ချက်ကို ဘယ်လို စီစဉ်ဆောင်ရွက်ထား ပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဆေးရုံမှာ အောက်ဆီဂျင် plant ရှိပါတယ်။ တစ်နေ့ကို ပုံမှန်ဆိုရင် အလုံး | ၄၀ ထုတ်နိုင်ပါတယ်။ ဒီကနေ ထုတ်ပြီးတော့ ကျွန်တော်တို့ အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေ ကိုပေးဖို့ ဆောင်ရွက်လျက်ရှိပါတယ်။
မေး။ ။ ပိုးတွေ့ လူနာနဲ့ ထိတွေ့တဲ့သူတွေကို Quarantine ဝင်ဖို့အတွက် စီစဉ်ထားရှိတဲ့ အခြေအနေများကို သိချင်ပါတယ်။
ဖြေ။ ။ ပိုးတွေ့ လူနာနဲ့ ထိတွေ့တဲ့သူတွေ Quarantine ဝင်ဖို့အတွက် ဒီမြို့နယ် အားကစား ခန်းမကို စီစဉ်ထားပါတယ်။
မေး။ ။ ပိုးတွေ့ လူနာတွေအတွက် ဆေးရုံမှာ ဆောင်ရွက်ပေးနေမှု အခြေအနေတွေကို သိချင်ပါတယ်။ ။
ဖြေ။ ။ ပိုးတွေ့ပြီဆိုတာနဲ့ ကျွန်တော်တို့က သီးသန့် Isolationလူနာဆောင်မှာ ထားပါတယ်။ ပြီးတော့မှ သူတို့ကို လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးချက်တွေ လုပ်ပါတယ်။ သွေးစစ်တာတို့၊ ဓာတ်မှန်ရိုက်တာတို့ လုပ်ပါတယ်။ ပြီးတော့ လူနာရဲ့ ရောဂါပြင်းထန်တဲ့အပေါ် မူတည်ပြီးတော့ A, B, C, D ခွဲပြီးတော့မှ စောင့်ရှောက်မှုတွေ ပေးပါတယ်ခင်ဗျ။
မေး။ ။ လက်ရှိ ဆေးရုံတက်နေတဲ့ လူနာဦးရေနဲ့ ပြန်လည်ကျန်းမာလာမှု အခြေအနေ စာရင်းလေး သိချင်ပါတယ်။ ။
ဖြေ။ ။ လက်ရှိ ဆေးရုံတက်နေတာကတော့ ကျွန်တော်တို့ ဒီမှာ ၁၁၅ ဦးပါ။ ဆေးရုံမှာ သေတာ သုံးဦးရှိပြီး သေဆုံးရောက်လာတာကတော့ နှစ်ဦးရှိပါတယ်။ စုစုပေါင်းသေဆုံး ငါးဦးရှိပါပြီ။ ကျွန်တော်တို့ ကျောက်ဖြူအနေနဲ့ဆိုရင် ပိုးတွေ့လူနာ ၁၅၆ ဦးတွေ့ပါတယ်၊ ဆေးရုံဆင်းတာ ကတော့ ၂၆ ဦး ရှိပါပြီခင်ဗျ။
မေး။ ။ ကာကွယ်ဆေးထိုးဖို့ ကျန်ရှိနေသေးတဲ့သူများကို ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုများ စီစဉ်ဆောင်ရွက် ထားပါသလဲ။
ဖြေ။ ။ ကာကွယ်ဆေး ထိုးဖို့အတွက်ကတော့ ကျွန်တော်တို့(ဗဟို) ပြည်နယ်ကနေ ကာကွယ်ဆေး ရရှိတဲ့အပေါ် မူတည်ပြီးတော့ သူတို့ သတ်မှတ်တဲ့ ဦးစားပေးအုပ်စုအလိုက် ထိုးနှံသွားမှာ ဖြစ်ပါတယ်။
မေး။ ။ အခြားဖြည့်စွက် ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ ကျွန်တော်တို့ Social Distancing ကို လိုက်နာပါ၊ Mask တပ်ပါ၊ လက်ကိုစက္ကန့် ၂၀ ကြာ ဆပ်ပြာနဲ့ စနစ်တကျ သေချာဆေးပါ၊ မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ပါနဲ့။ ဒီအချိန်မှာ လူကောင်းတောင်မှ ပိုးကူးစက်ရင်လည်း ကူးစက် ခံထားရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်လျှင် မိမိ နေအိမ်မှာနေပါ၊ Mask တပ်ပါးလက်ဆေးပါ၊ အဲဒါပဲ အဓိက လိုက်နာပေးဖို့ ပြောချင်ပါတယ်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)