Jul 03, 2021
မကြာမီက ကျင်းပပြီးစီးခဲ့သည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းတစ်စောင်ကို ဇွန်လ ၁၉ ရက်နေ့က အတည်ပြုခဲ့သည်ကို သိရှိရ ပါသည်။
Jul 03, 2021
ပျူခေတ်တွင် ဘာသာရေးအဆောက်အအုံများဖြစ်သည့် စေတီများ၊ ပုထိုးများ စသည့်သာသနိက အဆောက်အအုံများ တည်ဆောက်ရာတွင် အဆောက်အအုံ၏ အဆင်တန်ဆာအဖြစ် မြေမီးဖုတ်ရုပ်ကြွများကို လှပတင့်တယ်စွာပြုလုပ်၍ အဆောက်အအုံ၏ ဘေးဘက်နံရံများတွင် တပ်ဆင်လေ့ရှိသည်ကို တူးဖော် သုတေသနတွေ့ရှိချက်များအရသိရှိရပါသည်။ ဤကဲ့သို့ စတင်ပြုလုပ်တတ်လာသည်မှာ ပျူခေတ်အစောပိုင်း ကာလထက် ပျူခေတ်အလယ်ပိုင်းကာလ ဘာသာ သာသနာအားကောင်းလာသည့်အချိန်တွင် ဖြစ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဗိဿနိုးမြို့ဟောင်း၏ တူးဖော်တွေ့ရှိချက်များတွင် ဘာသာရေး အဆောက်အအုံများ ရှိသော်လည်း ယင်းနှင့်ယှဉ်တွဲ၍ မြေမီးဖုတ်ရုပ်ကြွများကို တွေ့ရှိရမှုမှာ အလွန်နည်းပါးပါသည်။
Jul 03, 2021
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ အပါအဝင် အစိုးရပိုင် အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း ဖောက်ခွဲရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
Jul 03, 2021
ရုရှားမြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Bulochnikov Anatoly Mikhailovich နှင့် တွေ့ဆုံမေးမြန်းထားပါသည်။ အဆိုပါတွေ့ဆုံမေးမြန်းမှုနှင့် ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်-
Jul 03, 2021
ကချင်ပြည်နယ် အင်ဂျန်းယန်ဒေသမှ မြစ်ကြီးနားမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာလာသူ ဒေသခံ တိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြပေးအပ်ပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးစုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပသည်။
Jul 03, 2021
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင် စွာ ဆောင်ရွက်နိုင်ရေး အတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်း ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းပြီးရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသည်။
Jul 03, 2021
ယနေ့သည် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဖြစ်သည်။ ၁၉၂၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလာခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့သည် ယခုနှစ်တွင် ရာပြည့်အကြိုကာလသို့ ရောက်ရှိခဲ့ပြီဖြစ် သည်။ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်ရေးအတွက် ဆန္ဒ တူညီသူများ အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည့် သမဝါယမ အဖွဲ့အစည်းများသည် “အများအကျိုးအတွက် တစ်ဦးချင်းစီက၊ တစ်ဦးချင်းစီအကျိုးအတွက် အများက” အပြန်အလှန်အကျိုးပြုရေး ကို ဦးတည်ရည်ရွယ်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံး တွင် ကျရောက်နေသည့်ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့၏ ဆောင်ပုဒ်မှာ " Rebuild Better Together" “လူမှုစီးပွားပိုမို တိုးတက်ကောင်းမွန်ဖို့၊ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်စို့” ဟူ၍ ဖြစ်သည်။
Jul 02, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။
Jul 02, 2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းဖက်သမားကို ခြောက်လှန့်ပစ်ခတ်ရာမှ သေဆုံးသွားခဲ့ကြောင်း သိရသည်။
Jul 02, 2021
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များကို လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။