Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် ဇူလိုင် ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား သည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများဖြစ် ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအေးထွန်း၊ ဦးထွန်းအုံ၊ ဗိုလ်မှူးချုပ်လူမွန်နှင့် ဦးသန့်စင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊  ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော် မတီဝင်များနှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ  နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်သည်။

အစည်းအဝေးတွင် ဦးစီးကော်မတီနာယက က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် ဇွန်လ  ၁၁ ရက်စွဲပါစာဖြင့် အခမ်းအနားကျင်းပရေးဦးစီးကော်မတီကို နာယက ၊ ဉက္ကဋ္ဌ အပါ အဝင် အဖွဲ့ဝင် ၁၃ ဦးဖြင့်လည်းကောင်း၊ လုပ်ငန်းကော်မတီကို ဒုတိယဝန်ကြီးဦးဆောင်၍ အဖွဲ့ဝင် ၁၃ ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသည် နှစ်စဉ်ကျင်းပနေသည့် အခမ်းအနားဖြစ်သော် လည်း ယခုကာလတွင် ကိုဗစ်-၁၉ ဗီဇပြောင်းကူးစက်မြန်ရောဂါ ပြန်လည်တွေ့ရှိနေသည့် ကာလနှင့် တိုက်ဆိုင်နေကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အဆိုပါကပ်ရောဂါ ( Third Wave) ကို အမြန်ဆုံးချုပ်ငြိမ်းရန် စနစ်တကျကိုင် တွယ်ထိန်း ချုပ်ကုသ နေသည့်ကာလလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် အခမ်းအနားကျင်းပသည့်အခါ  ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန က ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီပြင်ဆင်ဆောင်ရွက်ကြရန် တိုက်တွန်းလို ကြောင်း။

ယခုကျင်းပမည့် အခမ်းအနားသည် ဗုဒ္ဓဘုရားရှင်က ဝိနည်းသိက္ခာပုဒ် နှစ်ခု ပညတ်၍ သုံးစွဲရမည့် ကာလနှင့်  အတိုင်းအတာပမာဏကို ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး သံဃာတော်များအတွက် မိုးတွင်းကာလ အတွင်း မိုးရေခံသင်္ကန်းများ ဆက်ကပ်လှူဒါန်းခွင့်ပြုရန် ဝိသာခါကျောင်း အမကြီး၏ လျှောက်ထားချက်အပေါ်ခွင့်ပြုခဲ့ခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်လာသည့် မိုးရေခံသင်္ကန်း အလှူ တစ်နည်းအားဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း အခမ်းအနားဖြစ်သည့်အတွက် မွန်မြတ် သည့် ကာလဒါနအလှူလည်းဖြစ်ကြောင်း၊ ကျောင်း၊ သင်္ကန်း၊ ဆေး၊ ဆွမ်း ၄ ပါးအနက် သင်္ကန်းကို မပင်မပန်းဆက်ကပ်လှူဒါန်းရသည့်အတွက် လက်တွေ့ဘဝတွင်သာမက နောင်အနာဂတ်ဘဝ အတွက်ပါ အကျိုးကျေးဇူးများခံစားရမည်ဟု ဗုဒ္ဓဘာသာဝင်များက ယုံကြည်သက်ဝင်ကြပါကြောင်း၊ ထို့ကြောင့် ဝါဆိုကာလရောက်တိုင်း ဗုဒ္ဓဘာသာဝင်တိုင်းက ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းကို အစဉ် အလာမပျက်ဆောင်ရွက်ခဲ့ကြောင်း၊  မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက် အနေဖြင့် ဝါဆိုကာလ တွင် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ပြည့်စုံတော်မူသည့် သံဃာဥသျှောင် သံဃာတော်များကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းသည် ဗုဒ္ဓ၏အလိုဆန္ဒအတိုင်း မိုးရေခံသင်္ကန်း တစ်နည်း အားဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း ဖြစ်ပြီး  မွန်မြတ်သည့်အလှူတော် မင်္ဂလာလည်းဖြစ်ကြောင်း၊ ယခုနှစ်ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် နိုင်ငံတော်သံဃာမဟာနာယက ဆရာတော်ကြီး ၂ ပါး၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ၉ ပါး၊ နေပြည်တော်သံဃနာယကဆရာတော် ၄ ပါး၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့် စာသင်တိုက်ပဓာနနာယကဆရာတော်များ စုစုပေါင်း ၂၇ ပါးကို ပင့်လျှောက်ကာ နိုင်ငံတော်အဆင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ကျင်းပသွားမည် ဖြစ်ကြောင်း။

သက်ဆိုင်ရာ ဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း သတိ၊ ဝီရိယ၊ မမေ့မလျော့ဖြင့် မိမိတို့၏  လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ပြင်ဆင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရာ၌ ဆွမ်း စသည့်ဝေရာဝစ္စများတွင် မိုးတွင်းကာလ နှင့် ပတ်သက် သည့် ရောဂါများ မဖြစ်ပွားစေရန် အရေးကြီးပြီး ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ အထူးဂရုပြု ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ထို့အတူ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကာလ ဖြစ်သည့် အတွက် တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်ကြီးများနှင့် ဝေယျာဝစ္စ ဆောင်ရွက် ရမည့်ပုဂ္ဂိုလ်များ အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်း၊စည်းကမ်းများ၊ ညွှန်ကြားချက် များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကဏ္ဍ အလိုက်ဆောင်ရွက်ပြီးသည့်ကိစ္စရပ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ဆောင် ရွက်ရာတွင်တွေ့ကြုံရသည့်အခက်အခဲများကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင် ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအေးထွန်းက လုပ်ငန်း ကော်မတီက ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ထို့နောက်အခမ်းအနားကျင်းပရေးနှင့်အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေး နှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများ ပြင်ဆင်ရေးနှင့်ဆက်ကပ်ရေးဆပ်ကော်မတီ၊ဧည့်ခံဖျော်ဖြေရေးဆပ်ကော်မတီ၊ သတင်း မှတ်တမ်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ဥပ္ပါတသန္တိစေတီတော်ပရိ ဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သာသနာရေးဆိုင်ရာအခင်းအကျင်းပြင်ဆင်ရေးဆပ် ကော်မတီနှင့်လုံခြုံရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်နှင့် ဦးမောင်မောင်ဝင်း တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ၂၀၂၁ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဆက်ကပ် လှူဒါန်းမည့် လှူဖွယ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)