Skip to main content

မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ ဖြင့် ချောင်းမြောင်းပစ်ခတ်

 

နေပြည်တော်၊ ဇူလိုင်

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင် များကို လက်လုပ်ဗုံး၊ လက်နက်ငယ်တို့ဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်၊ စကားအင်း-ပုလိပ်ကားလမ်းရှိ စကားအင်းအဝိုင်း၌ လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စကားအင်းဘက်မှ ပုလိပ်မြို့ဘက်သို့ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင် ရပ်ကွက်နေ ဇင်မောင်မောင်ကျော် (၂၀)နှစ် () ဦးကျော်မောင် မောင်းနှင်သော ဆိုင်ကယ် တစ်စီးနှင့် အမျိုးသား ဦး(စိစစ်ဆဲ)မောင်းနှင်လာသော ဆိုင်ကယ် စီးတို့ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသား ဦး မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ လုံခြုံရေးတပ်ဖွဲ့ ဝင်များအား လက်ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး၏ ယာဒူးတွင် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဇင်မောင်မောင်ကျော် မောင်းနှင်သော ဆိုင်ကယ်အား တားဆီး ဖမ်းဆီးရရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ ၎င်းမောင်းနှင်လာသော ဆိုင်ကယ် တူးဘောက်အတွင်းမှ တရုတ်နိုင်ငံ လက်ပစ်ဗုံး လုံး၊ လက်လုပ်ဗုံး လုံး၊ အရှည် ပေခန့်ရှိ ဓားမြှောင် ချောင်းတို့နှင့်အတူ ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အရ ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)