နေပြည်တော် ဇူလိုင် ၂
ကချင်ပြည်နယ် အင်ဂျန်းယန်ဒေသမှ မြစ်ကြီးနားမြို့နယ်အတွင်းသို့ နေရပ်စွန့်ခွာလာသူ ဒေသခံ တိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြပေးအပ်ပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးစုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသ များ၊ ဝေးလံခေါင်သီသည့် ဒေသ များ နှင့် နယ်မြေအခြေအနေအရ | ကန့်သတ်ချက်ရှိသည့် ဒေသများတွင် နေထိုင်ကြသည့် တိုင်းရင်း သားများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ကို သက်ဆိုင်ရာ ရုံးများသို့ လာရောက် လျှောက်ထားဆောင်ရွက်ရန် အခက်အခဲရှိသည့်အတွက် နိုင်ငံသားစိစစ် ရေးကတ်ပြားမရရှိသေးသူ အများ အပြား ကျန်ရှိနေပါကြောင်း၊ ယခုလည်း နယ်မြေဒေသအခြေ အနေ အင်ဂျန်းယန်ဒေသမှ နေရပ်စွန့်ခွာလာသူများအတွက် IDPs စခန်းများသို့ သွားရောက်၍ လိုအပ်သည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး | ကတ်ပြားများကို ပန်းခင်းစီမံချက် ဖြင့် ဥပဒေနှင့်အညီ သွားရောက်ဆောင်ရွက်ပေးခြင်းပင် ဖြစ်ပါ
ကြောင်း၊ နိုင်ငံသားတစ်ဦးအနေ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကို ရရှိ ကိုင်ဆောင်ထားမှသာ နိုင်ငံသားအခွင့်အရေး အပြည့် အဝရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရရှိပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကိုပျက်စီးပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားသည်။
ရှင်းလင်းပြောကြား
ဆက်လက်၍ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်းကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုနှင့် အင်ဂျန်း ယန်ဒေသမှ နေရပ်စွန့်ခွာလာသူဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်ရုံးမှတ်တမ်း ခန်းအတွင်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားဖြည့် ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်