Aug 15, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော်လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Aug 15, 2021
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။
Aug 15, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ မိုင်းထောင် ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့သည့်တံတားအား သွားရောက်မီးငြိမ်းသတ်ပြီး ပြန်လည်ထွက်ခွာလာ သည့် မီးသတ်ယာဉ်ကို အကြမ်းဖက်သောင်းကျန်းသူများက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Aug 15, 2021
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် ဗန်းမော်မြို့ ကမ်းသာဦးဆိပ်ကမ်းတွင် ကျင်းပခဲ့ သည်။
Aug 15, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
Aug 15, 2021
ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင်ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများကုန်ထုတ်လုပ် မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှဝန်ကြီး ချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 15, 2021
နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်/ တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေလင်ပန်းတောင် မနှင်းဆီ တောရဘုန်းတော်ကြီး ကျောင်းနှင့် ဖိတ်ဖိတ်ရောင် ဓမ္မ လင်္ကာရသာယာကုန်း ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက် ၍ ကျောင်းတိုက်များရှိ ဝါဆို သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။