နေပြည်တော် ဩဂုတ် ၁၄
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ အောက်ဆီဂျင်အိုးများနှင့် အလှူငွေများအား လာရောက်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်း မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာ ခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အဆိုပါမြို့နယ် ဓမ္မပါလကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တ ဉာနသီရိနှင့် တပည့်ဒါယိကာ၊ ဒါယိကာမများမှ အလှူငွေကျပ် ၁၀ သိန်းအားပေးအပ်လှူဒါန်းရာ မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းကလည်းကောင်း၊ ငပုတောမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကျုံကူးတိုက်နယ်ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၁၀ လုံးကို နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းမိသားစု ကိုယ်စား တာဝန်ရှိသူတစ်ဦးကလည်းကောင်း အသီးသီး လာရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်