နေပြည်တော် ဩဂုတ် ၁၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများ တိုးပွားလာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် ဗန်းမော်မြို့ ကမ်းသာဦးဆိပ်ကမ်းတွင် ကျင်းပခဲ့ သည်။
အဆိုပါ ငါးလွှတ်ပွဲအခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ လူမှုရေးရာဝန်ကြီးဌာနဝန်ကြီး ဦးကျော်မင်းခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်၊ ဗိုလ်မှူးကြီး အောင်ကျော်သူ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ငါးမျိုးစိုက် ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုး မြို့နယ်ငါးမျိုးစိုက်ကြီးကြပ် ကွပ်ကဲရေးကော်မတီအဖွဲ့တို့သည် ဗန်းမော်မြို့ ကမ်းသာဦးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ၂ လက်မအရွယ်ရှိ ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၆၀၀၀၀) နှင့် ငါးခုံးမကြီးသားပေါက် ကောင်ရေ(၂၀၀၀၀) စုစုပေါင်းကောင်ရေ(၈၀၀၀၀) တို့အား ငါးမျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်