CRPH နှင့် NUG တို့ကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။ CRPH နှင့် NUG တို့သည် PDF များအား မြှောက်ပင့်သွေးထိုးပေးပြီး အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်စေလျက် ရှိသည်။ လူငယ်များအား EAO များနှင့် ချိတ်ဆက်ပေးပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ရန် ပြုလုပ်ပေးသည်။ ငွေကြေးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသည်။ ကိုယ်တိုင်အားပေး အားမြှောက်ပြုလုပ်ပေးသည်။ အစိုးရအုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ စိုးရိမ်ကြောက်လန့်မှုများ ဖြစ်ပေါ်စေပြီး ၎င်းတို့အား ထောက်ခံ ပံ့ပိုးလာစေရန် ခြိမ်းခြောက် ပြောဆိုစည်းရုံးခြင်းများ ပြုလုပ်ခဲ့သည်။
၎င်းအကြမ်းဖက်အဖွဲ့များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ သြဂုတ်လကုန် အထိ စာသင် ကျောင်းများ၊ အစိုးရရုံးဌာနများ၊ ဈေး၊ လမ်း၊ တံတား၊ စက်ရုံ၊ အလုပ်ရုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လူနေအိမ်များ၊ ရဲစခန်း၊ ရဲကင်းများ၊ ဆက်သွယ်ရေးတာဝါ တိုင်များ၊ အဆောက်အအုံ ပစ္စည်းများကို ဗုံးဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် ဘဏ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဓားပြတိုက်မှုများ ပြုလုပ်ခဲ့သည်။ ပြည်သူများအကြား ဗုံးဖောက်ခွဲဖျက်ဆီးမှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာများရရှိခဲ့သည်။ အရပ်ဘက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများကို သတ်ဖြတ်ခဲ့သည်။ သတင်းပေးလန်ဟုစွပ်စွဲပြီး သတ်ဖြတ်ခံရသူများ အမြောက်အမြားရှိသည်။ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများသာမက ရဟန်းတော်နှင့် ကလေးသူငယ်များပါ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။ အကြမ်းဖက်အဖျက်သမားများ လက်ချက်ကြောင့် ယနေ့အထိသေဆုံး ဒဏ်ရာ ရသူများမှာ ထောင်နှင့်ချီ၍ ရှိနေပြီဖြစ်သည်။
ထိုသို့သတ်ဖြတ်ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးနှိမ်နင်းသေဆုံးမှုများလည်း အမြောက်အမြားရှိသည်။ ၎င်းတို့သည် အပြစ်မဲ့ပြည်သူ များမဟုတ် အကြမ်းဖက်သမားများဖြစ်သည်ကို အားလုံးသိကြသည်။ ၎င်းတို့ကို သာမန်ပြည်သူများဟု ပြောဆိုသည်မှာ သဘာဝမကျပေ။ ယုတ္တိမတန်ပေ။ အမှန်မသိ သည့်၊ အမှန်ကို၀န်မခံသည့် အသိအမြင်မိုက်မဲသူများသာဖြစ်သည်။ CRPH NUG နှင့် PDF များ၏အကြမ်းဖက်လုပ်ရပ်များ၊ ငွေကြေး၊ လက်နက်ဖန်တီးမှုများအားလုံးကို အဓိက ဦးဆောင်နေသူများမှာ NLD အစွန်းရောက်ပါတီဝင်များဖြစ်ကြောင်း၊ ဖော်ထုတ်တွေ့ရှိထားသည်။ အစွန်းရောက် NLD ပါတီဝင်များ၏ ဦးဆောင်ပါဝင် ဆောင်ရွက်မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူထားသည့် အမှုပေါင်း ၃၀ ကျော်ရှိသည်။ ဆက်လက်၍ ဖမ်းဆီးရမိထားသော အကြမ်းဖက် တရားခံများ၏ ထွက်ဆိုချက်များအရ NLD ပါတီနှင့် ဆက်နွှယ်ပတ်သက်သူများကို ဖော်ထုတ်တွေ့ရှိထားသည်။
CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများကို အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူလျက်ရှိသည်။ အရေးယူသကဲ့သို့ဥပဒေနှင့်အညီ ၎င်းတို့ကို သက်ဆိုင်ရာတရားရုံး များတွင် တရားစွဲဆိုပြီးနောက် တရားရုံးမှထုတ်ပြန် သည့်ဖမ်းဝရမ်းများကို နိုတြီပြုလုပ်ပြီး အပြည်ပြည် ဆိုင်ရာရဲတပ်ဖွဲ့ကိုလည်း ပေးပို့ထားသည်။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ရှိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံသို့လည်း ဆက်လက်ပေးပို့ဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်မှုကို မလိုလားသော နိုင်ငံများက လက်တွဲပူးပေါင်းဆောင်ရွက်ကြမည်သာဖြစ်သည်။ လက်ရှိတွင် ဆောင်ရွက်နေသည်မှာ အဆိုပါအကြမ်း ဖက်အဖွဲ့ အစည်းများကို နောက်ကွယ်မှ ငွေကြေးများ၊ လက်နက်ပစ္စည်းများ ထောက်ပံ့နေသည့် ကိစ္စများကို သေချာကျနစနစ်တကျစိစစ်ဖော်ထုတ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ကြောင့် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကြရန် လိုအပ်ပေသည်။ အကြမ်းဖက်မှုသည် တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းလုပ်ရပ်ဖြစ်ပြီး ပြည်သူလူထု အတိဒုက္ခရောက်အောင် ဆောင်ရွက် ကမ္ဘာ့နိုင်ငံများကပါ လက်ခံလိမ့်မည်မဟုတ်ပေ။ အကယ်၍ အကြမ်းဖက်မှုများကို မျက်ကွယ်ပြု၍ အရေးယူဆောင်ရွက်ခြင်းမပြုပါက အကြမ်းဖက်မှုကို အားပေးရာ ရောက်ပေသည်။ ထို့ကြောင့် အကြမ်းဖက်မှုလုပ်ရပ်မှန်သမျှကို ပြည်သူများအနေဖြင့် သိလျက်နှင့် ဖြစ်စေ၊ မသိ၍ဖြစ်စေ အားမပေးမိရန်၊ မကူညီရန်၊ ထောက်ပံ့မပေးမိရန် အထူးသတိပြုရမည်ဖြစ်သည်။ လက်ရှိတွင် အကြမ်းဖက်မှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နေပြီဖြစ်၍ ဥပဒေနှင့် ငြိစွန်းခြင်းမဖြစ်စေရန် အထူးသတိထား ရမည်ဖြစ်သည်။
သို့ဖြစ်ရာ အကြမ်းဖက်မှုလုပ်ရပ်များကို မည်သည့်နိုင်ငံကမျှ လက်ခံခြင်းမရှိဘဲ ထိရောက်စွာ တိုက်ဖျက် လျက်ရှိသောကြောင့် အကြမ်းဖက်မှုချုပ်ငြိမ်းရေးကို ဥပဒေနှင့်အညီ တိုက်ဖျက်လျက်ရှိသော လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင်ကူညီဆောင်ရွက် ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။
ကြေးမုံ အယ်ဒီတာ့အာဘော်