Feb 27, 2025
ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းအတွင်း ယမန်နေ့ ည ၁၀ နာရီတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်တိုင်အမှတ် ၁၀၇/၁၀-၉ နေရာရှိ အစုန်ရထားလမ်းပေါ်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်းထိခိုက်ပျက်စီးခဲ့ပြီး ကျောက်တံခါးနှင့် ပိန်းဇလုပ်ရထားလမ်းပိုင်းအား နံနက် ၉ နာရီတွင် ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။
Feb 27, 2025
အာဆီယံနိုင်ငံများနှင့် ပါကစ္စတန်နိုင်ငံတို့အကြား ပထမဆုံးအကြိမ်အဖြစ် မီဒီယာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အထိ ပါကစ္စတန်နိုင်ငံ၌ ပြုလုပ်သည်။
Feb 27, 2025
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကလေးခရိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တပ်ရင်း (၉) မှ တပ်စိတ်မှူးအဆင့်ရှိသူ ဖိုးသင်္ကြန် (ခ) တန်ခူး (ဘ) ဦးချစ်ဖေသည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ်တစ်လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ်သုံးခု၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း သိရှိရသည်။
Feb 27, 2025
နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် ဒုစရိုက်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။
Feb 27, 2025
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Changan Eado အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Innogen Myanmar Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Aion S Mei 580 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
Feb 27, 2025
ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း (ဗဟို) ကြီးကြပ်ရေးအဖွဲ့ ဒသမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Feb 27, 2025
“ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” (Workshop on Mastering Government Communication: Empowering Spokespersons for Effective Public Engage-ment) ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
Feb 27, 2025
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် အောင်ဇေယျ၊ မအူတော၊ သက်နှင်းအင်း ကျေးရွာအုပ်စုတွင် ဆောင်ရွက်လျက်ရှိသည့် မူလလယ်မြေ ၂၇၇ ဒသမ ၄၇ ဧက၌ စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်းစီမံကိန်းသို့ ကွင်းဆင်းပြီး စပါးစိုက်တောင်သူများ မျိုးစေ့ချကိရိယာအသုံးပြု၍ နွေစပါးစိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
Feb 27, 2025
နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 27, 2025
(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ကျောက်ချောင်းကျေးရွာအုပ်စု သံကြိုးလမ်းကျေးရွာတွင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်တက်ရောက်ဖွင့်လှစ်ပေးသည်။