Skip to main content

(၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “အမျိုးသားနေ့တို့မမေ့”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ဖတ်ကြားသည်။

ယင်းနောက် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “နဂါးနီ”သီချင်းဖြင့် ဂုဏ်ပြုသီဆိုတင်ဆက်ကြပြီး (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

သတင်းစဉ်