Apr 26, 2022
မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီး၊ H.E.Mr.Somsak Thepsutin ၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက်ရန် ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာအမျိုးသားလေကြောင်းဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့သို့ ထွက်ခွာသွားသည်။
Apr 26, 2022
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့၊ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတ မြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံအခြေစိုက်စခန်း၏ လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
Apr 26, 2022
ကမ္ဘာ့မူပိုင်ခွင့်နေ့ (၂၀၂၂) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Apr 26, 2022
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 26, 2022
(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဥ္စမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
Apr 26, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများနှင့်ပတ်သက်၍ အရှိန်အဟုန်မပြတ် ထိရောက်မြန်ဆန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့်အချက်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
Apr 26, 2022
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တီကျစ် ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓာတ်အားပေးစက်ရုံအတွက် လိုအပ်သော ကျောက်မီးသွေး ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း ဆောင်ရွက်ချက်များတွင် အဂတိလိုက်စားမှုများ ရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Apr 26, 2022
အာဆီယံ - ကိုရီးယားဗဟိုဌာန၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ကိုရီးယားခရီးသွားလုပ်ငန်း အဖွဲ့နှင့် Travie Magazine တို့မှ ကြီးမှူး၍ “Seminar on ASEAN-Korea Culture and Tourism” ဆွေးနွေးပွဲကို “ဒီဂျစ်တယ် နည်းပညာဖြင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ကြံ့ကြံ့ခံ တုံ့ပြန်နိုင်စွမ်းရှိသော ခရီးသွားလုပ်ငန်းများဖော်ဆောင်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
Apr 26, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဧပြီ ၂၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ ဦးဆောင်သော စစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကလေးမြို့နယ်အတွင်း တရားမဝင် တင်ဆောင်လာသော ခိုင်းနွားကိုးကောင် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၇၀၀၀ ၀၀) ဖမ်းဆီးရမိခဲ့ပြီး တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 26, 2022
တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၃ ရက် ည ၇ နာရီတွင် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်(၇) လမ်းတွင် သက်ဇော်(ခ) ညောင်ညောင်အား မော်တော်ဆိုင်ကယ်တစ်စီးနှင့် အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၅ ပြားနှင့် မြန်မာငွေကျပ် ၆၈၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့ပြီး ည ၈ နာရီ ၁၅ မိနစ်တွင် ထားဝယ်မြို့ အိုးလုပ် ရပ်ကွက် ကမြောကင်းလမ်းရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၁၆ ပြားနှင့် အိုက်စ် သုည ဒသမ ၃၇၅ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် (၇)လမ်းတွင် စန်းလွင်အား မော်တော်ဆိုင်ကယ်နှင့်အတူ မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀ ကို လည်းကောင်း။