Skip to main content

ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျ နေပြည်တော်ကောင်စီနယ်မြေရှိ National Control Center (NCC) နှင့် ဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျသည် ယမန်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ National Control Center(NCC) ၊ ၂၃၀ ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီပျဉ်းမနားပင်မဓာတ်အားခွဲရုံ၊ နေပြည်တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံ (၃)နှင့် ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းခွဲရုံရှိ ADMS Control Center တို့ကို ကြည့်ရှုစစ်ဆေးသည်။

အလေးပေးဆောင်ရွက်

နံနက်ပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတော်ဓာတ်အားစနစ်ကွပ်ကဲရေးဗဟိုဌာန National Control Centre (NCC) သို့ရောက်ရှိပြီး နိုင်ငံတော်ဓာတ်အားစနစ်ထိန်းညှိကွပ်ကဲနိုင်ရေးအတွက် ထိန်းချုပ်ရေးစင်တာနှစ်ခုဖြစ်သည့် NCC နေပြည်တော်နှင့် Load Dispatching Centre (LDC) ရန်ကုန်တို့ဖြင့် ဆောင်ရွက်လျက်ရှိသလို ဒေသအလိုက် ဓာတ်အားထိန်းညှိကွပ်ကဲရေးဌာန Regional Control Centre (RCC) အဖြစ် မန္တလေးနှင့် အခြားသင့်လျော်သောနေရာများတွင် အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ Generation Mix ရှိ ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုများကို ပြည်သူများက ယုံကြည်စိတ်ချစွာ အကျိုးရှိရှိအသုံးပြုနိုင်ရေး ဓာတ်အားစနစ်၏ Reliability နှင့် Reslience ကို မြှင့်တင်နိုင်ရေး အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအတွက်- NCC နေပြည်တော်ရှိ SCADA Network လုံခြုံရေးနှင့် အခြားလိုအပ်သည်များကို အဆင့်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဓာတ်အားစနစ်အတွင်းနေရောင်ခြည်နှင့် အခြားပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်စနစ်များမှ Master Plan အတိုင်း တိုးမြှင့်ထုတ်လုပ်ကာ Resilient Smart Power Grid အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ NCC ရှိ SCADA Network ဆိုင်ရာ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး အလေးပေးဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားကာ NCC တွင် ဓာတ်အားစနစ်ထိန်းညှိကွပ်ကဲမှုလုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ချီးမြှင့်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၂၃၀ ကေဗွီ နေပြည်တော် ပင်မဓာတ်အားခွဲရုံ(၂)သို့ ရောက်ရှိပြီး နေပြည်တော်အတွင်းရှိ ပင်မဓာတ်အားခွဲရုံဖြစ်သည့်အတွက် တည်ငြိမ်သည့်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုနှင့် Line Losses လျော့နည်းကျဆင်းရေး အလေးထားဆောင်ရွက်ရန်၊ ခွဲရုံရှိထရန်စဖော်မာများ၊ Switchgear နှင့် အခြားခွဲရုံသုံး ပစ္စည်းများအား စဉ်ဆက်မပြတ် ထိန်းသိမ်းစစ်ဆေးရန်၊ နေရောင်ခြည်စွမ်းအင်စနစ်စက်ရုံများမှ ဓာတ်အားထုတ်လုပ်မှုများရှိလာပါက လက်ခံပို့လွှတ်ရန် ကြိုတင်ပြင်ဆင်ထားရန်နှင့် ခွဲရုံအတွင်းအပြင်နှင့် ဝန်ထမ်းအိမ်ရာသန့်ရှင်းသာယာလှပရေး ပုံမှန်ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်သည်။

ထောက်ပံ့ငွေများချီးမြှင့်

ယင်းနောက် ဒုတိယဝန်ကြီးသည် ၂၃၀ ကေဗွီ ပျဉ်းမနားပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး လိုအပ်သည်များမှာကြား၍ ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားဖြန့်ဖြူးပေးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ထောက်ပံ့ငွေများ ချီးမြှင့်သည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃ ကေဗွီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံ(၃) နေပြည်တော်သို့ရောက်ရှိပြီး ဓာတ်အားပြတ်တောက်မှုနှင့် Line Losses ကျဆင်းရန်၊ ရေရှည်တည်တံ့ခိုင်မြဲသည့်ခွဲရုံဖြစ်ရေး အလေးပေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ပြီး ဓာတ်အားခွဲရုံနှင့် Switch Yard အတွင်း ထရန်စဖော်မာများ၊ ဓာတ်အားလိုင်းများမှဓာတ်အားဖြန့်ဖြူးပေးထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို ထောက်ပံ့ငွေများချီးမြှင့်သည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ကွင်းခွဲရုံရှိ AdvancedDistribution ManagementSystem (ADMS) Control Center သို့သွားရောက်ပြီး ပြည်သူများအတွက် အရည်အသွေးကောင်းမွန်၍ တည်ငြိမ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်၊ Network Security ဂရုပြုဆောင်ရွက်ရန်၊ ဓာတ်အားပြတ်တောက်မှုနှင့် Line Losses လျော့နည်းကျဆင်းရန်နှင့် ADMS သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ADMS Control Center အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်