Feb 22, 2025
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့တွင် နေပြည်တော်ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
Feb 22, 2025
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာသနာ့ရက္ခိတကျောင်း၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောက်လုပ်သည့် ဓမ္မာရုံအသစ်ဆောက်လုပ် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။
Feb 22, 2025
မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် စည်းလုံးညီညွတ်သည့် အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေထိုင်ခဲ့ပါသည်။ တိုင်းရင်းသားပြည်သူများမှာလည်း စိတ်အေးချမ်းသာစွာဖြင့် မရှိအတူ ရှိအတူ နေထိုင်ခဲ့ကြပါသည်။ သို့သော် နယ်ချဲ့လက်အောက်ကျရောက်စဉ်က သွေးခွဲအုပ်ချုပ်မှုစနစ်နှင့် လွတ်လပ်သောနိုင်ငံအဖြစ် ရောက်သည့်အခါ သွေးခွဲခြင်း၊ သွေးကွဲခြင်းဆိုးမွေများကို ခါးစည်းခံခဲ့ကြရသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
Feb 22, 2025
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product- GDP)ခေါ် အညွှန်းကိန်းနှင့် တိုင်းတာဖော်ပြသည်။ ဂျီဒီပီဆိုသည်မှာ သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် အချိန်ကာလတွင် ထုတ်လုပ်သည့်ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ စုစုပေါင်းတန်ဖိုးဖြစ်ရာ မိမိတို့နိုင်ငံအဖို့ဆိုလျှင် တစ်နှစ်တာကာလအတွင်း နိုင်ငံသူနိုင်ငံသားတို့ ထုတ်လုပ်လိုက်သည့် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ စုစုပေါင်းတန်ဖိုးပင်ဖြစ်သည်။
Feb 21, 2025
နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက်တပ်မတော်နေ့ (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းစစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 21, 2025
တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈) သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Feb 21, 2025
မိမိတို့အား ပေးအပ်လာသည့်တာဝန်များကို စွမ်းရည်သတ္တိအပြည့်ဖြင့် အောင်မြင်အောင်ထမ်းဆောင်ကြရန်လိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာကြံ့ခိုင်မှုရှိရန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် တာဝန်ထမ်းဆောင်ကြရန်လို
Feb 21, 2025
တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈) သူရတပ်ခွဲ ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင် ကျောင်းဆင်းဗိုလ်လောင်းများ၊ ၎င်းတို့၏ မိဘဆွေမျိုးများနှင့် နည်းပြများ တက်ရောက်ကြသည်။
Feb 21, 2025
ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Feb 21, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက် သူများအားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိသည်။
Feb 21, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
Feb 21, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဗထူးတပ်နယ်အတွင်းရှိ နယ်မြေခံစိုက်ပျိုးမွေးမြူရေးတပ်ရင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် နယ်မြေခံတပ်မတော်ဆေးရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 21, 2025
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈)သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (ဗထူး)စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။
Feb 21, 2025
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာသီ၌ ယခင်နှစ်က ၂၆၉၀၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၂၆၉၁၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Feb 21, 2025
အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတို့တွင် အောင်မြင်ခဲ့ကြသည့် စာအောင်သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား စာအောင်လက်မှတ်၊ စာအောင်ဆု၊ အလှူငွေဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်ကြီး၏ ဗုဒ္ဓသာသနာ့ဗိမာန်တော်၌ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသနအမှူးပြုသော သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကျော်ဟန်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Feb 21, 2025
(က) ဒို့တာဝန်အရေး (၃) ပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး (၃) ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များအား ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ရေး။
Feb 21, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 21, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆) ခုတို့မှ ထုတ်ချေးပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital အနည်းဆုံး ၃၀% နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၃%၊ Working Capital ၁၀၀% အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅ % တို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် MSME အေဂျင်စီများနှင့်ဆက်သွယ်၍ ချေးငွေများလျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။
Feb 21, 2025
စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ထွန်းလာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ငန်း ကွင်းဆက်တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး၊ စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံသစ်များဖော်ဆောင်ပေးနိုင်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန- ၂ ၌ ကျင်းပခဲ့သည်။
