နေပြည်တော် ဒီဇင်ဘာ ၄
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း (ဗဟို) တို့ပူးပေါင်း၍ ဒီဇင်ဘာ ၄ ရက်တွင် အမျိုးသားပရဆေးဥယျာဉ်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည့် “(၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကြိုလှုပ်ရှားမှုကွင်းဆင်း ဆေးကုသခြင်း”ကို ဆောင်ရွက်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက လာရောက်ကုသကြသည့် ပြည်သူများအားအားပေးစကားပြောကြား၍ တိုင်းရင်းဆေးဝါးများပေးဝေခြင်း၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့ကို ကြည့်ရှုအားပေးကြောင်း သိရသည်။
သတင်းစဉ်
