Skip to main content

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ကျင်းပသည့် အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA - PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၄

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ Hilton Manila Newport World Resorts ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှုတိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားသို့ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့နှင့်အတူ တက်ရောက်သည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video message ပေးပို့၍ SEA-PLM လုပ်ငန်းအစီအစဉ်သည် အာဆီယံပညာရေးမူဘောင်ထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ ပညာရည်တန်းတူညီမျှမှု၊ တိုးတက်မှုအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ယခုကဲ့သို့ SEA-PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးထုတ်ပြန်နိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှဒေသတွင်း ကလေးသူငယ်များ၏ ပညာရေးစနစ် တိုးတက်ကောင်းမွန်ရေးကိုမြှင့်တင်ရန် ပူးပေါင်းပါဝင်မှုတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဤရလဒ်များကို အထောက်အထားအခြေပြုလမ်းညွှန်ချက်အဖြစ် ပြန်လည်သုံးသပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အခမ်းအနားသို့ SEAMEO, ASEAN, SEA-PLM Secretariat, UNICEF, AKCF စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အာဆီယံနိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်