Feb 20, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့မှ ထုတ်ချေးပေးလျက်ရှိပါသည်။ ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital အနည်းဆုံး (၃၀%) နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၃ %၊ Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅% တို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ပါသည်။ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ် MSME အေဂျင်စီများနှင့် ဆက်သွယ်၍ ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးအပ်ပါသည်။
Feb 20, 2025
နှစ် (၈၀) ပြည့် တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 20, 2025
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးပြီး သာသနိကအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
Feb 20, 2025
မြန်မာ - တရုတ် သံတမန်ထူထောင်ခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မြန်မာ - တရုတ်ချစ်ကြည်ရေးအသင်း (မန္တလေး) နှင့် ဖူးကျင့်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းတို့ ပူးပေါင်း၍ Yunnan Economics Trade and Foreign Affairs College ၏ အကူအညီဖြင့် တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
Feb 20, 2025
အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ၏ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် - ၃ ၌ ကျင်းပသည်။
Feb 20, 2025
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်၂၆ မြို့နယ်စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
Feb 20, 2025
၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ (၁/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Feb 20, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်းကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Feb 20, 2025
ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် “ချင်းအမျိုးသားနေ့” နေ့ထူးနေ့မြတ်အခါသမယတွင် ချင်းတိုင်းရင်းသားများ မျိုးနွယ်စုအားလုံးနှင့်အတူ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Feb 20, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ “ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ” ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။ အဆိုပါဥပဒေသည် လက်ရှိအခြေအနေ အချိန်ကာလအနေအထားအရသော်လည်းကောင်း၊ အများပြည်သူအေးချမ်းသာယာရေးနှင့် လုံခြုံမှုရှိစေရေးအတွက်သော်လည်းကောင်း များစွာအထောက်အကူပြုသည့် ဥပဒေတစ်ရပ်အဖြစ် ရှုမြင်ပါသည်။
Feb 20, 2025
မြန်မာနိုင်ငံ၏ ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင် ပါဝင်သော လုပ်ငန်းများအနက် ၉၈ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း MSME များဖြစ်ကြပြီး ၂ ရာခိုင်နှုန်းသာလျှင် အကြီးစားလုပ်ငန်းများဖြစ်သည်။ တစ်ဖန် မြန်မာ MSME လုပ်ငန်းများ၏ အများစုမှာ ကျေးလက်ဒေသများတွင် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများအဖြစ် ရပ်တည်နေကြခြင်းဖြစ်သည်။
Feb 19, 2025
နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။
Feb 19, 2025
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များသာမက ဘာသာရေးနှင့်သက်ဆိုင်သော ဘုန်းကြီးကျောင်းများနှင့် အလှူအတန်းမင်္ဂလာပွဲများကိုလည်း နှောင့်ယှက်ဖျက်ဆီးမှုများ လုပ်ဆောင်လာကြသည်ကို တွေ့ရှိရသည်။
Feb 19, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
Feb 19, 2025
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Feb 19, 2025
မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Feb 19, 2025
မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။
Feb 19, 2025
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၂၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Feb 19, 2025
ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် နိုင်ငံခြားဘာသာစကားစွမ်းရည်များ မြင့်မားလာစေရန်ရည်ရွယ်၍ တရုတ်ဘာသာစကားပြော HSK-2 သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
Feb 19, 2025
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက်မွန် (န) ဝါ ဟူစိန်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
