Skip to main content

ဘက်စုံသာစွ ပြာသိုလ

နေမင်းသည် အရုဏ်တက်အချိန်တွင် တောင်ယဉ်စွန်းတန်း၌ ကျရောက်ထွန်းလင်းနေသည်။ နှင်းတို့မှာစိုရွှဲစွာကျနေပြီး ခွာညိုပန်းတို့ ဖူးပွင့်နေသည်မှာ သင်းပျံ့မွှေးကြိုင်နေသည်။ တစ်ပြည်လုံးတွင် မြင်းခင်းသဘင်ပွဲတော်ကို ဆင်နွှဲကြသည်။ ဖုသျှနက္ခတ်သည် လမင်းနှင့်စန်းယှဉ်နေသည်။ ပုစွန်တာရာသည် ကောင်းကင်ထက်တွင် လင်းနေသော်လည်း နှင်းမြူများကပိတ်ဖုံးနေသည်။ “အာဒိစ္စရယ်တဲ့ဖန်သူရိန်၊ ပြင်လမ်းသူခွာလို့၊ ဒက္ခိဏယဉ်အစွန်းမှာ၊ ထွန်းတဲ့ခါချိန်၊ ပြာသိုမှာဖြာစို နှင်းရယ်နဲ့၊ ခါအလိုခွာညိုသင်းပါဘိ၊ မြင်းခင်းမြတ်တော်သဘင်မှာ၊ ပျော်ရွှင်ကြပြည်လုံး၊ ပုဏ္ဏမာဖုသျှငယ်ယုန်စန္ဒာနဲ့၊ မှုန်ပြာပြာဝဠာတွင်းမှာလ၊ ငွေပုစွန်တာရာလင်းတယ် နှင်းမြူပိတ်ဖုံး”ဟုဆိုကာ မဟာဂီတဦးပြုံးချိုက ပြာသိုလအကြောင်းကို လေးဆစ်သဖြန်ဖြင့်ရေးဖွဲ့ခဲ့သည်။

ဆိုရှယ်မီဒီယာခေတ်တွင် အသုံးပြုသူတိုင်း သိသင့်သိထိုက်သည့် ကျင့်ဝတ်စည်းကမ်း

ဆိုရှယ်မီဒီယာခေတ်တွင် လူတိုင်းနီးပါးအွန်လိုင်းအသုံးပြုလာကြသည်။ နည်းပညာနှင့် ဆက်စပ်ပစ္စည်းများကိုအသုံးပြု၍ အွန်လိုင်းတွင် သတင်းအချက်အလက်များဖော်ပြခြင်း၊ ပေးပို့ခြင်း၊ ဖြန့်ချိခြင်းများ ပြုလုပ်လာကြသည်။

ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်လျက်ရှိ

ရှေးယခင်ဘိုးဘွားဘီဘင်များ လက်ထက်က ပြုလုပ်သုံးစွဲခဲ့ကြသည့် ဝတ္ထုပစ္စည်းများသည် နောင်အနာဂတ်မျိုးဆက်သစ်များအတွက် ဆက်လက်လက်ဆင့်ကမ်းထိန်းသိမ်းရမည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်ဖြစ်ပါသည်။ ၎င်းဝတ္ထုပစ္စည်းများသည် သမိုင်းခေတ်ကာလတစ်ခုကို ဖော်ညွှန်းပြသနိုင် သည့် အသုံးပြုမှု၊ အနုလက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာတန်ဖိုးရှိမှုများရှိပြီး နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းဝတ္ထုပစ္စည်းဟု သတ်မှတ်ပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုသမိုင်းကြောင်း ခိုင်မာပြည့်စုံစွာတည်ရှိခဲ့သည်နှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်ရှေးဟောင်းဝတ္ထုပစ္စည်းများကို သမိုင်းမတင်မီကာလ ကျောက်ခေတ်မှသည် သမိုင်းကြိုကာလ ကြေးခေတ်၊ သံခေတ်၊ သမိုင်းတင်ခေတ်၊ မျက်မှောက်ခေတ်တိုင်အောင် ခေတ်အဆက်ဆက်ဖန်တီးပြုလုပ်သုံးစွဲခဲ့ကြပါသည်။ ထိုပစ္စည်းများသည် နိုင်ငံ၏ယဉ်ကျေးမှုတန်ဖိုးနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို ဖော်ညွှန်းပြသနေသော ဝတ္ထုပစ္စည်းများပင်ဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားမြေပေါ်တွင်လည်းကောင်း၊ မြေအောက်မှလည်းကောင်း၊ ရေပေါ်ရေအောက်တွင်လည်းကောင်း အများအပြားတွေ့ရှိနိုင်ပါသည်။

တာဝန်သိစွာ သတင်းပေးတိုင်ကြားခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့

တရားမဝင်ကုန်သွယ်မှု လုပ်ငန်းကိစ္စရပ်များကို ကိုယ်ကျိုးရှာဝိသမလောဘသားစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဝင်ငွေရလမ်းလွယ်ကူသော စီးပွားရေးလုပ်ငန်းအဖြစ် ဦးတည်လုပ်ကိုင်ဆောင်ရွက်လာနေကြသောကြောင့် တရားမဝင်ကုန်သွယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်မှ လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိသော ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ်နည်းနှင့် အမိန့်ညွှန်ကြားချက်များအား အများပြည်သူနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုလုပ်သော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ သိရှိနားလည်သဘော ပေါက်စေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်းနှင့် တရားမဝင်ကုန်သွယ်မှု ဆောင်ရွက်ခြင်းများကို ဖော်ထုတ်စစ်ဆေးတွေ့ရှိပါက ထိရောက်စွာအရေးယူခြင်းဖြင့် တရားမဝင်ကုန်သွယ်မှုများ ကျူးလွန်သည့် ကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များအား တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံတွင် ကင်ဆာရောဂါဓာတ်ရောင်ခြည်ကုသရေးကဏ္ဍ တိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ

ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့် ကင်ဆာရောဂါ‌ကြောင့် သေဆုံးမှုနှုန်းတိုးတက်များပြားလာမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကျန်းမာရေးစနစ်များအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အရည်အသွေးမြင့် ကင်ဆာကုသမှုများ ရရှိရန်မှာ ကင်ဆာလူနာများအတွက် မရှိမဖြစ်လိုအပ်လာပါသည်။
Subscribe to