သန့်ရှင်းမှုဖြင့် ဆဲလ်မိုနဲလားပိုးကို ကာကွယ်ပါ
ရန်ကုန်တိုင်းဒေသကြီးအတွင်း စျေးတချို့ရှိ ကြက်သား များတွင် ဆဲလ်မိုနဲလားရောဂါပိုး တွေ့ရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ထိုသို့သောသတင်းများ ကြောင့် ပြည်သူများအကြား ကြက်သားစားသုံးမှုနှင့် ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ် ခဲ့သည်။ သို့သော် ဆဲလ်မိုနဲလားပိုးတွေ့ရှိသည့် ကြက်သားကို စားသုံးမိတိုင်း အန္တရာယ်ဖြစ်နိုင်မည်ဟု တထစ်ချမဆိုနိုင်ပါ။ ဆဲလ်မိုနဲလားပိုး မျိုးကွဲတစ်ခုနှင့်တစ်ခု ကွဲပြားမှုရှိသော် လည်း ယေဘုယျအားဖြင့် ဆဲလ်မိုနဲလားပိုးတစ်သိန်းကနေ တစ်သန်းနှင့် အထက် ပါဝင်မှသာ လူကိုအန္တရာယ်ပေးနိုင် မည်။ ထို့ပြင် ယင်းအသားကိုအစိမ်းစားခြင်း၊ မကျက် တကျက်စားခြင်းများကြောင့်သာ လူကိုအန္တရာယ်ပြုနိုင် မည်ဖြစ်သည