နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေးအသိဖြင့်ကာကွယ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါသည် ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်မြင့်မားလာပြီး စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် မြင်တွေ့ရသည်။ ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်နိုင်ရန် တရုတ်နိုင်ငံအစိုးရအနေဖြင့် အပြင်းအထန်ကြိုးပမ်းအားထုတ်နေသလို ရောဂါဖြစ်ပွားသည့် လူနာများအား လိုအပ်သည့် ကုသမှုများကို ပေးအပ်လျက်ရှိကြသည်။ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးအတွက် ကာကွယ်ဆေး မရှိသေးသကဲ့သို့ တိကျသည့်ကုထုံးလည်း မရှိသေးသည့် ယခုကာလတွင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း ရောဂါပိုးကူးစက် ဝင်ရောက်မလ