ကွမ်းယာ ဘယ်လိုဖြတ်ကြမလဲ
ကွမ်းယာစားသုံးမှုကို မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုဓလေ့ ထုံးစံတစ်ရပ်အနေဖြင့် နှစ်ပေါင်းများစွာကပင် စားသုံးလာကြပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော နီကိုတင်းသည် စားသုံးသူကို အလွန်စွဲလမ်းစေပါသည်။ နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို ပို၍ဆိုးရွားစေပါသည်။ ဆေးရွက်ကြီးတွင်ပါဝင်သော ကင်ဆာဖြစ်စေသော poduga: (Tobacco-specific Nitrosamines)သည် ပါးစပ်၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာပြွန်ကင်ဆာ၊ မုံချိုအိတ်ကင်ဆာ စသည်တို့ကို ဖြစ်စေပါသည်။ ကွမ်းယာမစားသူများနှင့် နှိုင်းယှဉ်လျှင် ခံတွင်းကင်ဆာဖြစ်နိုင်သော အခွင့်အလမ်းမှာ ဆေးရွက်ကြီးပါသော ကွမ်းယ