ဆောင်းပီးပါမှ
ရှစ်မျက်နှာ ယှက်ကာခြုံသည်
ထက်အာကာယံ့ နယ်ဖြစ်အင်။
ပက်ပါရွာအံ့ ခြယ်ရစ်ဆင်သည်
တိမ်နယ့်ပိုင်ရှင် မာန်မူ၍
မင်ခဲမင်ညွန့် ကနုတ်ထောင်သည်
အဟုတ်ပြိုဆောင် ဖန်အားတတ်နိုင်ပေ့၊
ခွင့်မကာရ ဒါလကြုံမှာ ... ခွာမြဝတ်မှုန် လေပြည်ဝေ့ ...
ငွေနှင်းစွေအန် ဟေမန်လေမို့
လေပြည်ဈာန် မွေ့ဖွေ့လှိုက်ခုန်
ရထည်ခြုံလွှာ ပြန်ပြန်ထပ်တယ်
ဖန်ဖန်မလက် ဘွင်သည်းစိမ့်ကာတုန် . . .။
လေအေးလှိုင်းတွေ နယ်ချဲ့။
မထင်မှတ်သော ဆောင်းလေအေးက လေးငါးရက် ဆက်တိုက်ဆက်တိုက် ဖက်ရမ်းခဲ့သည်။ ဟိုး…. တောင် တရုတ်ပင်လယ်ဆီက လေအေးလှိုင်းတွေ နယ်ချဲ့လာ