မိုးရာသီလျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်များ
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုအဆင့် မြင့်မားရေးတို့အတွက် လိုအပ်လျက်ရှိသော၊ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသော လျှပ်စစ်ဓာတ်အားသည် “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင် ဘေး”ဆိုသကဲ့သို့ စနစ်တကျ သတိတရားဖြင့် သုံးစွဲပါက အကျိုးရှိသော်လည်း သတိလက်လွတ်၊ မဆင်မခြင်၊ ပေါ့ပေါ့ဆဆ သုံးစွဲကြပါက ရာသီမရွေး လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်နိုင်ပေသည်။