ယနေ့ကမ္ဘာကြီးသည် နည်းပညာများ အဘက်ဘက်မှ တိုးတက်လာသည်နှင့်အမျှ မွေးမြူထုတ်လုပ်ရေး နည်းစနစ်များသည်လည်း တိုးတက်လျက်ရှိပါသည်။ တိုးတက်လာသော မွေးမြူရေးလုပ်ငန်းများတွင် ငုံးမွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တစ်ကမ္ဘာလုံး ငုံးမွေးမြူရေး၏ ၀ ဒသမ ၈၇ ရာခိုင်နှုန်းခန့် လုပ်ကိုင်နေကြပြီး စီးပွားဖြစ် မွေးမြူနေကြသူများလည်း ရှိပါသည်။ ငုံးမွေးမြူရေးလုပ်ငန်းသည် နေရာကျဉ်းကျဉ်းနှင့် အကောင်ရေများများ မွေးမြူနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အပြင် ကနဦးအရင်းအနှီးနှင့် လုပ်အားမှာလည်း အနည်းငယ်မျှသာ လိုအပ်ပါသည်။ ငုံးမွေးမြူခြင်းသည် ကာလတိုအတွင်း အကျိုးအမြတ် မြန်ဆန်စွာရရှိပြီး စနစ်တကျမွေးမြူပါက ကူးစက်ရောဂါဖြစ်ပွားမှုလည်း နည်းပါးသဖြင့် မိသားစုဝင်ငွေအတွက် တွက်ခြေကိုက်သော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။