Skip to main content

ကမ္ဘာ့ရာပြည့် သမဝါယမနေ့

မတူကွဲပြားခြင်းများရှိလင့်ကစား အများအကျိုး ထမ်းသယ်ပိုးဖို့ စိတ်ဆန္ဒတူသူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အများဆန္ဒနှင့်အညီ စီမံခန့်ခွဲလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ကမ္ဘာပေါ်တွင် မားမားမတ်မတ် ရပ်တည်လျက်ရှိနေပေသည်။ ပူးပေါင်းဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ကို ယင်းအဖွဲ့တွင် ပါဝင်သူများ အချိုးကျ ခွဲဝေရရှိစေခြင်းဖြင့် ရာစုနှစ် နှစ်ခုနီးပါး သက်တမ်းရှည်လျားခဲ့သည့် အဖွဲ့အစည်းကို ရည်ညွှန်းရလျှင် သမဝါယမအဖွဲ့/ အသင်းကို ပြဆိုရမည် ဖြစ်ပေသည်။

မူးယစ်အန္တရာယ် ပြည့်ရန်စွယ် အတူတကွ တွန်းလှန်ကြ

ကမ္ဘာပေါ်မှာရှိတဲ့ လူသားများအားလုံးရဲ့ ဘုံရန်သူများထဲမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုကို ကျောက်ခေတ်ရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဘီစီ ၅၀၀၀ ကျော်လောက်ကတည်းက မြေထဲပင်လယ်ဒေသတစ်ဝိုက်မှာ စတင်တွေ့ရှိပြီး ဘီစီ ၃၄၀၀ ခန့်လောက်မှာတော့ ဘိန်းကို ဝယ်ယူစုဆောင်းခြင်းတွေ အစပြုခဲ့ကြပါတယ်။ အစကနဦးမှာတော့ လူတွေဟာ ဘိန်းကို ကျန်းမာရေးရည်ရွယ်ချက်အတွက် အသုံးချခဲ့ကြပေမယ့် ၁၁ ရာစုလောက်ကနေ စတင်လို့ ဖြေဖျော်ရေးသုံးပစ္စည်း (recreational use) တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စတင် အသုံးပြုလာကြပါတယ်။
Subscribe to