Sep 13, 2023
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Arr Thit Man Motor Co., Ltd. မှတင်သွင်းလာသော AIMA အမျိုးအစားလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ ကြောင်းနှင့် အဆိုပါလျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ တင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။
Sep 13, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းက ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန၏ ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်းနှင့် ပိုးရောဂါစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ပိုးမွေးတောင်သူများသို့ မျိုးပိုးဥများ ထုတ်လုပ်ဖြန့်ဖြူးနေမှု၊ မိမျိုးဘမျိုး ၂၈ မျိုး၊ နိုင်ငံခြားပိုးမျိုး ၄၄ မျိုးနှင့် အရိုင်းစပ်မျိုးသစ် ၁၇ မျိုးတို့ကို မပျောက်ပျက်စေရန် နှစ်စဉ်ထိန်းသိမ်း စုဆောင်းထားရှိမှု၊ ပိုးစာမျိုးစပ်ခြင်း၊ ပိုးမျိုးများ မျိုးစပ်ခြင်းသုတေသနလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
Sep 13, 2023
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ စက်တင်ဘာ ၆ ရက်ကကျင်းပသော ASEAN Indo Pacific Forum ၏ Business Matching သို့ မြန်မာ၊ ဘရူနိုင်း၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိမိတို့နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ကြရန် Project Proposal Presentation များ ပြုလုပ်ခဲ့ကြသည်။
Sep 13, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Academy for International Business Off-icials (AIBO) တို့ ပူးပေါင်း၍ အာဆီယံ - တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA) သဘောတူညီချက်၏ ပင်ရင်းဒေသစည်းမျဉ်းများ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ် (၁) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 13, 2023
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။
Sep 13, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်ဖြင့် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့သွားရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၅ နာရီက ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဦးဌေးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
Sep 13, 2023
ဧကာဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ထံမှ ပေးပို့သည့်သဝဏ်လွှာ
Sep 13, 2023
အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပသည်။
Sep 13, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
Sep 13, 2023
အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလတို၊ ကာလရှည် စီမံကိန်းများချမှတ်၍ နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲကာ လအလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ရာ၌လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ပြောကြားသည်။
Sep 13, 2023
ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂေးအယ်လယဲနိခ်တို့၏ ဖိတ်ကြားချက်များအရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ စက်တင်ဘာ ၁၂ ရက်မှ ၁၇ ရက်အထိ အလုပ်သဘောခရီးစဉ်များသွားရောက်ရန် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့မှရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) ဖြင့် ထွက်ခွာသွားသည်။
Sep 13, 2023
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနက် ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဧရာမင်းစပါး လက်ကျန်မရှိသလောက် နည်းပါးနေကြောင်း၊ ကန့်ဘလူခရိုင်၌ စပါးဈေးနှုန်းအနည်းငယ်ကျဆင်းပြီး ကလေးခရိုင်တွင် စပါးဈေးနှုန်း အနည်းငယ်မြင့်တက်နေကာ ကျန်ခရိုင်များတွင် စပါးဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။
Sep 13, 2023
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေဝင်ရောက်မှုများတိုးလာခဲ့ပြီး တမံရေပိုလွှဲမှခြောက်ပေကျော်အထိ ရေကျော်ကျမှုရှိခဲ့ရာမှ ယခုအခါ မိုးရွာသွန်းမှုလျော့နည်းသွားသဖြင့် တမံရေပိုလွှဲမှရေကျော်ကျမှု တဖြည်းဖြည်းလျော့နည်းကျဆင်းလာကြောင်း အဆိုပါ ကြီးအုံကြီးဝတမံ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။
Sep 13, 2023
စက်တင်ဘာလ ၁၃ ရက်နေ့သည် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်သည်။ လူကုန်ကူးမှုဆိုသည်မှာ တစ်ဦးဦးသည်အခြားတစ်ဦးတစ်ယောက်ကို သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံပေးခြင်းတို့ကိုဆိုလိုသည်။ တစ်နည်းဆိုလျှင် ကျားမကြီးငယ်မရွေး တစ်ဦးတစ်ယောက်ကို ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်ပြုခြင်း၊ လုပ်အားအမြတ်ထုတ်ခြင်း၊ နှောင်ဖွဲ့စေခိုင်းခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများထုတ်ယူခြင်း၊ ရောင်းချခြင်းတို့သည် လူကုန်ကူးမှုလက္ခဏာများဖြစ်သည်။
Sep 13, 2023
အွန်လိုင်းရာဇဝတ်ဂိုဏ်းများနှင့်စပ်လျဉ်း၍ ပုံပျက်ပန်းပျက် မှားယွင်းသောသတင်းများထွက်ပေါ်ပျံ့နှံ့နေခြင်းက မိမိတို့နိုင်ငံအတွက် ထိခိုက်နစ်နာမှုများစွာဖြစ်ပေါ်စေသည်။ နည်းပညာကုမ္ပဏီ၊ ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ၊ ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများကဲ့သို့ အယောင်ဆောင်ထားသည့် အွန်လိုင်းရာဇဝတ်ဂိုဏ်းများမှာ အရှေ့တောင်အာရှနိုင်ငံအချို့၌တည်ရှိနေကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း တရားဥပဒေစိုးမိုးမှု အလှမ်းဝေးသည့်နယ်စပ်ဒေသများ၌ တည်ရှိနေကြသည်။
Sep 12, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၊ ပရဟိတအသင်းအဖွဲ့များ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Sep 12, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ မြို့တော်ခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Sep 12, 2023
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Sep 12, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 12, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။