Sep 12, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 12, 2023
မြန်မာ့တပ်မတော်အနေဖြင့် ပြည်ပနိုင်ငံများ၏တပ်မတော်များနှင့် ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မာအားကောင်းစေရန် အပြန်အလှန်လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Sep 12, 2023
ကယားပြည်နယ်၊ ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ပြည်နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Sep 12, 2023
မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံများ ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Sep 12, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၁-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၂-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၁၁) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 12, 2023
မြန်မာ့လယ်ယာသုံးစက်ကိရိယာစက်ရုံ (အင်းကုန်း) မှထုတ်လုပ်သည့် ၆ တန်းသွား၊ လက်ဆွဲကောက်စိုက်စက်နှင့် ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သည့် ၆ တန်းသွား ကောက်စိုက်စက်တို့ သရုပ်ပြနှိုင်းယှဉ် စိုက်ပျိုးပြသခြင်းကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းရှိ စိုက်ကွင်းအတွင်းပြုလုပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးသည်။
Sep 12, 2023
မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။
Sep 12, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်းရှိ လေးထပ်ဆောင် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ဗဟိုကာကွယ်ဆေးသိုလှောင်အအေးခန်း (ရန်ကုန်) ၌ ကျင်းပသည်။
Sep 12, 2023
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများ၏ Internet ပေါ်က စာမျက်နှာများ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
Sep 12, 2023
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်အရ သက်တမ်းလေးနှစ်ပြည့်ပြီးသည့် Passport သက်တမ်းနှစ်နှစ်နှင့်အထက် သက်တမ်းကျန်ရှိနေသော အလုပ်သမားများကို နယ်စပ်ဂိတ်များမှတစ်ဆင့် MoU U-turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင် နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့နယ် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအမှတ်(၂)နှင့် ကော့သောင်းမြို့နယ် အေးရိပ်ငြိမ်ရပ်ကွက် ရွှေဝက်ဝံရေခဲစက်ဝင်းအတွင်းတို့၌ One Stop Service စနစ်ဖြင့် လုပ်ငန်းစဉ်များ စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
Sep 12, 2023
အပြည်ပြည်ဆိုင်ရာ ရေအရင်းအမြစ်အဖွဲ့နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံပေကျင်းမြို့၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် “ကမ္ဘာ့ရေညီလာခံ” သို့ တက်ရောက်သည်။
Sep 12, 2023
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ထိုင်းနိုင်ငံ၌ စတင်လေ့ကျင့်နေပြီဖြစ်သည်။
Sep 12, 2023
မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သော လူငယ်စကားဝိုင်းကို ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 12, 2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန၌ ကျင်းပ သည်။
Sep 12, 2023
(၁၁)ကြိမ်မြောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးများနှင့် ဗဟိုကော်မတီဝင်များ စုံညီစွာတက်ရောက်ကြသည်။
Sep 12, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးအစားအစာထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
Sep 12, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 12, 2023
မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ(ဝဲပုံ) မြန်မာ့လက်ရွေးစင်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
