Nov 29, 2023
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ဖျက်သင်္ဘော၊ ဖရီးဂိတ်စစ်ရေယာဉ်နှင့် ထောက်ပံ့ရေးစစ်ရေယာဉ်သုံးစင်းတို့နှင့်အတူ အရာရှိ၊ စစ်သည် ၇၀၀ ခန့်လိုက်ပါလာသည့်အဖွဲ့သည် နိုဝင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Nov 29, 2023
မြန်မာ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအရေးပါသည်။ MSME များ အားကောင်းမောင်းသန် ဖွံ့ဖြိုးလာစေရန်မှာ လုပ်ငန်းတူရာ အသေးစားစီးပွားရေးလုပ်ငန်းများ အချင်းချင်းပူးပေါင်း၍ လုပ်ငန်းကြီးတစ်ခုဖြစ်လာအောင် ဆောင်ရွက်ရန်ဖြစ်ပြီး မိမိတို့နိုင်ငံ အနေအထားအရ သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းက အသင့်တော်ဆုံးဖြစ်သည်။
Nov 28, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး Senior Captain Sun Bo ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ သွားရောက်လေ့လာခဲ့သည်။ အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်(ရေ)မှ တာဝန်ရှိသူများနှင့် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီး သန်လျင်တပ်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (ဆိပ်ကြီး)တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ လှူဒါန်းခဲ့သည်။
Nov 28, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
Nov 28, 2023
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာရှိ စတုဘုမ္မိက မဟာသတိပဋ္ဌာန်ကျောင်းတိုက်၌ အခြေပြု၍ မအူပင်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 28, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Nov 28, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
Nov 28, 2023
ပဲခူတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ရွှေကျင်-သိမ်ဇရပ်သွားကားလမ်းပေါ်ရှိ “ကျုံပကူ” ချောင်းကူးတံတားအား KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
Nov 28, 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဇာထိုးပန်းထိုး စက်ရုံအလုပ်သမားများက ကထိန်ပဒေသာပင်များကို နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ရပ်ကွက်အတွင်းလှည့်လည်နေချိန်တွင် လုံခြုံရေးတပ်ဖွဲ့များက သိမ်းဆည်းသွားကြောင်း၊ ပဒေသာပင်များ၏တန်ဖိုးမှာ သိန်း ၁၀၀ ကျော်တန်ဖိုးရှိပြီး ငွေသားအများစုဖြင့် ပြုလုပ်ထားသည့် ပဒေသာပင် ၅ ခုကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည့်ကို တွေ့ရှိရသည်။
Nov 28, 2023
AA အဖွဲ့၏ ထိုးစစ်အရှိန်မြှင့်လာသဖြင့် စစ်တွေတက္ကသိုလ်ဝန်းထဲ၌ နိုဝင်ဘာလ ၂၇ ရက်တွင် တပ်မတော်သားများ ဝင်ရောက်တပ်စွဲနေရာယူပြီး မြို့တွင်းအထပ်မြင့် အဆောက်အဦများပေါ်၌ အထိုင်ချရန် ပြင်ဆင်နေကြောင်းနှင့် ထိုသို့နေရာယူခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများအား လူသားဒိုင်းအဖြစ် အသုံးချခြင်းဖြစ်သည်ဟု မဟုတ်မမှန်သတင်းများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတုသတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိပါသည်။
Nov 28, 2023
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့
Nov 28, 2023
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ရပ်ဝေး၊ ရပ်နီးမှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပြီး မဟာဆုတောင်းပြည့်ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီး ဘုရားနှစ်ဆူသည် ဘုရားဖူးများ နေ့စဉ်လာရောက်ဖူးမြော် ဘုရားကန်တော့ဆုတောင်းလျက်ရှိရာ အခါကြီးရက်ကြီးများနှင့် အစိုးရရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
Nov 28, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ
Nov 28, 2023
၂၀၂၃ ခုနှစ်၊ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်
Nov 28, 2023
ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့်စာရေးဆရာများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား မြန်မာ့အလင်းမှ တွေ့ဆုံမေးမြန်းမှုများကို ဆက်လက်ဖော်ပြလိုက်ပါသည်။
Nov 28, 2023
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် “အပြည်ပြည်ဆိုင်ရာ တွင်းထွက်ပစ္စည်းနှင့် သတ္တုဖိုရမ် (International Mineral and Mining Forum)” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။
Nov 28, 2023
ဘားအံမြို့ အနီးဝန်းကျင်ရှိ ထုံးကျောက်တောင်များတွင် ယခုရက်ပိုင်းအတွင်း ကျောက်ခက် ပန်းများစပေါ်လာပြီး ဈေးများတွင် ရောင်းချနေကြောင်းသိရသည်။ ကရင်လူမျိုးများအနေဖြင့် အဆိုပါ ကျောက်ခက်ပန်းကို လုံဖော့ဟုလည်း ခေါ်ကြသည်။
Nov 28, 2023
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် MSME စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် One Region One Product (OROP) ဒေသတစ်ခုထုတ်ကုန်တစ်ခုအစီအစဉ်သည် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်းမှုအတွက် ခိုင်မာဖြစ်ထွန်းလျက်ရှိသည်။
Nov 28, 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။
