Nov 30, 2023
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ငွေကျပ် ၈၇ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေး ကက်တမင်း ၂ ဒသမ ၃ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Nov 30, 2023
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 30, 2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဇမ္ဗူသီရိမြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ဒုတိယနေ့အဖြစ် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်သည်။
Nov 30, 2023
၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်များ ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) စုဝေးခန်းမ၌ ကျင်းပသည်။
Nov 30, 2023
နေပြည်တော် ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာတွင် တောင်သူများ ကိုယ်တိုင်ပူးပေါင်းရွေးချယ်သည့် မျိုးစပါးသားဆက်လိုင်းများ ကွင်းဆင်းရွေးချယ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
Nov 30, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး သင်တန်းသား၊ သင်တန်းသူများ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
Nov 30, 2023
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ၁နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 30, 2023
အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ သီရိမင်္ဂလာဥသျှစ်ကုန်းကျောင်း၌ ကျင်းပသည်။
Nov 30, 2023
မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
Nov 30, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာအုပ်စု ရွေးစုကျေးရွာသို့ သွားရောက်ပြီး သစ်လွင်လယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား တောင်သူ ၅၂ ဦး၏ လယ်မြေ ၁၃၁ ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သော GW-11 စပါးခင်းများနှင့် ဆင်းသုခစပါးခင်းများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
Nov 30, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Nov 30, 2023
မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ - တရုတ်ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) မှ စစ်ရေယာဉ်သုံးစင်းမှ စစ်သည်များက ဒီနေ့မှာတော့ ရန်ကုန်မြို့အတွင်းမှာ ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ သန်လျင်တပ်နယ်မှာတော့ ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲကျင်းပပြုလုပ်ခြင်းနဲ့ မြန်မာ့တပ်မတော် (ရေ) မှ အရာရှိများက စစ်ရေးယာဉ်များကို သွားရောက်လေ့လာခြင်း၊ ညစာစားပွဲ တည်ခင်းဧည့်ခံခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၂၆၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိ သူများထံကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံးလွှဲပြောင်းပေးခဲ့မှု ၁၀၁၇၀ ရှိပြီးဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတပ်မတော်များအနေနဲ့ နီးကပ်စွာ၊ ရင်းနှီးစွာနေထိုင်လျက်ရှိပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုးဝေဖန်နေတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာခဲ့တာ ဖြစ်ပါတယ်။ တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေး၊ တပ်မတော်ချင်း ဆက်ဆံရေး၊ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ နောင်မှာလည်း ပိုမိုရင်းနှီးချစ်ကြည်နီးကပ်လာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
Nov 30, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
