Skip to main content

Nov 28, 2023

ယနေ့သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

တန်ဆောင်မုန်းလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏စိတ်ရင်းကို ဖော်ညွှန်းပြသနေသည့် မြန်မာ့ ၁၂ လ ရာသီပွဲတော်များအနက် တန်ဆောင်မုန်းပွဲတော်သည် မြန်မာတို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှားမြင်တွေ့ရသည့် ပွဲတော်တစ်ခုဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် အရုဏ်တက်မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နောက်ဆုံးနေ့ကို ယနေ့စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ နိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးကွာပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘောသုံးစင်းဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်ကိုရောက်ရှိခဲ့ပါတယ်။ အဲဒီစစ်သင်္ဘောအုပ်စုထဲမှာတော့ ဖျက်သင်္ဘော Destroyer အမျိုးအစားသင်္ဘောတစ်စင်း၊ Frigate အမျိုးအစား သင်္ဘောတစ်စင်းနဲ့ထောက်ပံ့ပို့ဆောင်ရေးယာဉ်တစ်စင်း စုစုပေါင်းသုံးစင်းပါခဲ့ပါတယ်။ စစ်သည်အင်အား ၇၀၀ ခန့် ပါရှိကြောင်းလည်း တွေ့ရှိရပါတယ်။ ရန်ကုန်မှာ ကျွန်တော်တို့ မြန်မာ့တပ်မတော်(ရေ)မှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်မြန်မာချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံရုံးနဲ့စစ်သံရုံးမှ တာဝန်ရှိသူများအနေနဲ့ လှိုက်လှဲစွာကြိုဆိုခဲ့ကြောင်း တွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း မှာချစ်ကြည်ရေးခရီးလည်ပတ်မှု၊ လေ့လာမှုနှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများပြုလုပ်မှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက်တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

အားနည်းသူများအပေါ် အလေးထားဖေးမကူညီခြင်းသည် မင်္ဂလာတရားနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည့်အပြင် လူ့အခွင့်အရေးကိုတန်ဖိုးထားပြီး လူသားအချင်းချင်း စာနာထောက်ထားသည့် ကောင်းမြတ်သောအမှုပင်ဖြစ်သည်။ အားနည်းသူဆိုသည်မှာ ကလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ဆင်းရဲနွမ်းပါးသူနှင့် မသန်စွမ်းသူ စသည့်ခံစားထိခိုက်လွယ်သော လူအုပ်စုများဖြစ်သည်။ ယင်းတို့တွင် အမျိုးသမီးများမှာ ကာယအားဖြင့်လည်းကောင်း၊ ရပ်တည်နေထိုင်မှုအားဖြင့်လည်းကောင်း လိုအပ်ချက်များရှိသဖြင့် အားနည်းသောအုပ်စုတွင် ထည့်သွင်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 28, 2023

ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်ရှိသည့် အချို့မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားမှု၊ ဒေသတွင်းမတည်ငြိမ်မှုများကြောင့် ယာယီနေရပ်စွန့်ခွာကြရသူ၊ တိုက်ပွဲရှောင်ကြရသူများ အများအပြားရှိနေပြီး နီးစပ်ရာမြို့နယ်များမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီစောင့်ရှောက်မှုများ ပြုပေးနေကြရသည်။ တိမ်းရှောင်ကြရသူများတွင် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးငယ်များအပါအဝင် မိသားစုများ၊ ဒေသခံများသာမက ရေကြည်ရာမြက်နုရာ လာရောက်နေထိုင် လုပ်ကိုင်စားသောက်နေကြရသူများလည်း ပါဝင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ အပန်းဖြေစခန်းများ၌ လာရောက်အပန်းဖြေကြသူများဖြင့် မြို့လုံးအနှံ့ စည်ကားများပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ဘီးလင်းမြို့နယ်၊ ဝင်းကနယ်မြေရဲစခန်းနှင့် တောင်စွန်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်လာမည်ကိုစိုးရိမ်သဖြင့် စခန်းအားစွန့်ခွာ၍ တိမ်းရှောင်သွားပြီဖြစ်ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလသတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ်နင်းရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းကျောင်းတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့်အတူ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ United Paper Co.,Ltd. ၏ ထုပ်ပိုးစက္ကူစက်ရုံ၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ နီလာပျော့ဖတ်နှင့် စက္ကူစက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့ ပင်ဖြစ်ကျေးရွာသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးခဲ့မှုအ

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာအုပ်စု၌ တောင်သူများနှင့် တွေ့ဆုံပြီး စက်ကိရိယာများအသုံးပြု၍ ဆောင်းသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံစုံအကန့်လိုက်စိုက်ပျိုး နည်းစနစ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူနေမှုဘဝမြင့်မားစေဖို့နဲ့ လူမှုစီးပွားဘဝလုံခြုံတိုးတက်စေဖို့အတွက် အဓိကက လျှပ်စစ်စွမ်းအားကဏ္ဍဟာ အရေးကြီးပါတယ်။ NUG, PDF အကြမ်းဖက် သောင်းကျန်းသူများနဲ့ အချို့သော EAOs အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို နည်းလမ်းပေါင်းစုံနဲ့ အဓိကထား တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပရိဝုဏ်တွင် ယမန်နေ့ညနေပိုင်းမှစတင်၍ တန်ဆောင်တိုင်မီးထွန်းပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားပူဇော်အောင်မြင်ခဲ့သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော် ဒုတိယနေ့အဖြစ် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 27, 2023

တန်ဆောင်မုန်းလသည် မိုးလေတို့ကင်းစင်၍ကောင်းကင်၌ ကြည်လင်ကာ ကြယ်တာရာနက္ခတ်တို့ စုံလင်စွာထွန်းပသည်။ ဆောင်းလဖြစ်သည်နှင့်အညီ လောကဓာတ်တစ်ခွင် စိမ်းစိုအေးချမ်းနေသည်။ ထိုလကို “မာသေသု သရဒံရမဏိယံ - လတို့တွင် တန်ဆောင်မုန်းလသည် မွေ့လျော်ဖွယ်ကောင်း၏” ဟူ၍ ရှေးစာတို့က ဆိုကြသည်။ ယင်းသို့ ကြည်နူးမွေ့လျော်ဖွယ်ရာ တန်ဆောင်မုန်းလပြည့်ညတစ်ညတွင် ဗုဒ္ဓဘာသာသမိုင်း၌ ထင်ရှားသောဖြစ်ရပ်တစ်ခု မြတ်စွာဘုရား ရှင်လက်ထက်တော်အခါက ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်