Skip to main content

Nov 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၆/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

စင်ကာပူနိုင်ငံ မြို့ပြကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတကာအဆင့် မီးသတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံအပါအဝင် ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်-ဟောင်ကောင်၊ မြန်မာ၊ ဩစတြေးလျ၊ မကာအို၊ လူဇင်ဘတ်၊ ဗီယက်နမ်၊ အီကွေဒေါနှင့် ယူကေနိုင်ငံ ၁၃ နိုင်ငံမှ မီးသတ်တပ်ဖွဲ့အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က နိုင်ငံပေါင်းစုံအဖွဲလိုက် အသက်ကယ်စွမ်းရည်ပြိုင်ပွဲ၌ ပထမချန်ပီယံဆုနှင့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ၌ တတိယဆုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 30, 2023

နိုင်ငံအတွင်းရှိ ပြည်သူများ၏ အလုပ်လုပ်လိုသည့်စိတ် (Willingness to work) နှင့် အလုပ်လုပ်နိုင် သည့်စွမ်းရည် (Ability to work) တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လွန်စွာအရေးပါသည်ဟု ပညာရှင်များက ဆိုသည်။ အလုပ်လုပ်လိုစိတ်သည် စိတ်ပိုင်းဆိုင်ရာနှင့်သက်ဆိုင်ပြီး အလုပ်လုပ်နိုင်သည့်စွမ်းရည်မှာမူ ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းဖြစ်သည်။ လူတို့တွင် အလုပ်လုပ်နိုင်သည့်စွမ်းရည်များ ပြည့်စုံနေစေကာမူ အလုပ်လုပ်လိုသည့်စိတ်ဓာတ် ကင်းမဲ့နေမည်ဆိုပါက စွမ်းရည်များမှ လက်တွေ့အလုပ်ဖြစ်ပေါ်လာမည်မဟုတ်။ သို့ဖြစ်ရာ လူများအလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးနိုင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်သည်။ အခွင့်အလမ်းများရှိနေသော ပတ်ဝန်းကျင်အခြေအနေများကသာ လူအများကို အလုပ်လုပ်လိုစိတ်ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ပေးနိုင်သည်ဟုလည်း ပညာရှင်များက ဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ (၁) ရက်မှ (၂၈) ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန နယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၄) ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ) 44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou တို့ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော် (ရေ) မှ အရာရှိကြီးများက သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြေစာရင်းရုံးတွင် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခွဲချိန်ခန့်က လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ဝန်ထမ်းနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နှင့် ထားဝယ်မြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားများအား အစစ်အဆေးမရှိ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်၊ စောမိညိုလမ်းနှင့် ကာစတန်ဆိပ်ကမ်း၌ နိုဝင်ဘာလ ၂၆ ရက် ညပိုင်းတွင် ဒေသခံအမျိုးသား ၃၀ ဦးနီးပါးကို လုံခြုံရေးအဖွဲ့မှ ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများ ရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ယနေ့အထိ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၄ ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရှိရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် DVB သတင်းဌာနက သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ပြန်ကြားရေး၀န်ကြီးဌာန အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်ထုတ်ဝေခဲ့သည့် စာအုပ်များကို စိစစ်ရွေးချယ်ခဲ့ပြီး အမျိုးသားစာပေဆုချီးမြှင့်ရန် ရွေးချယ်ခံရသော စာအုပ်များနှင့် စာရေးဆရာများ၏အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဆုရရှိသူများအား တွေ့ဆုံမေးမြန်းထား သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့တော်အတွင်း လမ်းများအဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး ပညာပေးသင်တန်း ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် တောင်သူများအား သွားရောက်တွေ့ဆုံပြီး စိုက်ပျိုး၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ မသန်စွမ်းသူများနှင့်အတူ ကူညီဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 29, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ ကျန်းရှီပြည်နယ် နန်ချန်းမြို့၌ ကျင်းပမည့် ၂၀၂၃ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ တိုင်းရင်းဆေးဖိုရမ်သို့ တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်