Aug 25, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်ရှိ အင်ပြင်ပျိုးဥယျာဉ်သို့ ရောက်ရှိစစ်ဆေးသည်။
Aug 25, 2024
နေပြည်တော် ကောင်စီနယ်မြေအတွင်း ဩဂုတ် ၂၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဒေသတွင်းရှိ ချောင်းမြောင်းများ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါချောင်းများ ဧရိယာဝန်းကျင်ရှိ လူနေအဆောက်အအုံအချို့ ရေဝင်ရောက်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရာ အဆိုပါဒေသများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကူညီစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 25, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်အဆောက်အဦသုံးထပ် (RC) တည်ဆောက်မည့် မြေနေရာ၌ အဆောက်အအုံဟောင်းများ ရှင်းလင်းဖျက်သိမ်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
Aug 25, 2024
စက်မှုဝန်ကြီးဌာနရှိ ဝန်ထမ်းများ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စေရန်၊ ကုသိုလ်ပွားများနိုင်စေရန်၊ စိတ်ခွန်အားဖြစ်စေရန်၊ မြန်မာအင်ဂျင်နီယာများ၏ စွမ်းပကားများကို ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဒက္ခိဏသီရိမြို့နယ်၌ မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကို ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ရည်ရွယ်၍ တည်ထားကိုးကွယ်ထားရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
အကြိမ်(၃၀)မြောက် ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ
Aug 25, 2024
အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုက ပခုက္ကူစာပေဆုရန်ပုံငွေသို့ ငွေကျပ်သိန်း ၁၀၀ ၊ မြန်မာနိုင်ငံစာကြည့်တိုက်များနှင့် တပ်မတော် တပ်ရင်းတပ်ဖွဲ့များ လက်အောက်ရှိ စာကြည့်တိုက်များသို့ လူထုသိပ္ပံကျမ်းစာအုပ် စုစုပေါင်း ၃၀၀၀ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 25, 2024
Myanmar Cyber Security Challenge 2024 (အလွတ်တန်းအဆင့်) ပြိုင်ပွဲနှင့် ဆိုက်ဘာလုံခြုံရေးအသိပညာပေးဗီဒီယိုပြိုင်ပွဲ-၂၀၂၄ (တက္ကသိုလ် အဆင့်)ဆုပေးပွဲကို နံနက် ၉ နာရီက နေပြည်တော်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၂)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားဖွင့်လှစ်ပေးသည်။
Aug 25, 2024
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 25, 2024
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပြည်သူများမှ ပေါက်ဖွားလာသည့် အဖွဲ့အစည်းဖြစ်သည်။ သမိုင်းကြောင်းအရ နယ်ချဲ့လက်အောက်မှလွတ်မြောက်ရေးကြိုးပမ်းရင်း စတင်သန္ဓေတည်ခဲ့သည်။ တပ်မတော်သည် မြန်မာနိုင်ငံကို အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံ ပေါ်ပေါက်လာရန် တိုက်ပွဲဝင်ခဲ့သည်။ လွတ်လပ်ပြီး နောက်တွင်လည်း အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်းသောင်းကျန်းမှုအန္တရာယ်၊ ပြည်ပကျူးကျော်မှုအန္တရာယ်များကို အသက်၊ သွေး၊ ချွေး ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်ခဲ့သည်။
Aug 25, 2024
ပြည်ပနိုင်ငံများသို့ အလည်အပတ်သွားရောက်ရန်ဟုဆိုကာ Passport for Visit-PV အမျိုးအစား နိုင်ငံကူးလက်မှတ်လျှောက်ထား၍ မိမိနိုင်ငံမှ ထွက်ခွာသွားကြပြီး ပြည်ပနိုင်ငံတွင်မူ အလုပ်အကိုင်ဗီဇာများ လျှောက်ထားရယူအလုပ်လုပ်ကြရာမှ အခက်အခဲ၊ ပြဿနာများပေါ်ပေါက်ပြီး ဒုက္ခရောက်သူများစွာရှိနေသည်။ ၎င်းတို့ ဆိုက်ရောက်ရာ နိုင်ငံများနှင့်ဒေသများ၏ အနေအထားတို့အရ ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲမှုများလည်း ရှိနေသည်ဟု သိရသည်။
Aug 24, 2024
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာအုပ်စု၊ ရိုးဝကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။