Skip to main content

Feb 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်တွေ့ဆုံပြီး သံတမန်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်ချစ်စိတ်ဖြင့် အတတ်နိုင်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 16, 2024

ယနေ့မြန်မာနိုင်ငံတွင် ပြည်သူအများစု သတင်းရယူကြသည့် မီဒီယာဟုဆိုလျှင် လူမှုကွန်ရက်များက အဓိကဖြစ်နေသည်။ တရားဝင်ထုတ်ဝေထုတ်လွှင့် ဖြန့်ချိနေကြသည့် နိုင်ငံပိုင်မီဒီယာများ၊ ပုဂ္ဂလိကပိုင်မီဒီယာများထက် အခြေအမြစ်မဲ့၊ အထောက်အထားမဲ့၊ ကျင့်ဝတ်မဲ့ ရေးသားဖော်ပြနေကြသည့် သတင်းတု၊ သတင်းမှားများက ပိုမို၍လျင်လျင်မြန်မြန်၊ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြသည်ကို တွေ့ရသည်။ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက်သည့် သတင်းတု၊ သတင်းမှားများကို အဆင်ခြင်မဲ့ ယုံကြည်မိခြင်းကြောင့် မှားယွင်းသည့် အတွေးအခေါ်၊ အယူအဆများ ဖြစ်ပေါ် စေနိုင်ပြီး ဆုံးဖြတ်ချက်များ၊ အပြုအမူများ လွဲမှားနိုင်သည်ကို သတိရှိကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက်ရေမိုင် ၂၁ မိုင်အကွာ၌ ကောင်းကောင်း အမည်ရှိ ကင်းမွန်မီးထွန်း လှေတစ်စီးရေဝင်နစ်မြုပ်နေကြောင်း ဒေသခံငါးဖမ်းလှေများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန်သွားရောက်ရှာဖွေရာ လှေအားမတွေ့ရှိဘဲ အမှတ်အသားပြ ဘွိုင်ကိုသာတွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်အား ဆက်လက်လိုက်လံရှာဖွေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

မြန်မာနိုင်ငံရဲမှုထမ်းဟောင်းများအဖွဲ့ (၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ချီပါကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ချီပါတောင်ရွာနှင့် ချီပါမြောက်ရွာတို့မှ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က အထင်အမြင်လွဲမှားဖွယ် လုပ်ကြံဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပဆျားကလိုးကျေးရွာကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဖော်ပြနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်တွင် စစ်သင်္ဘောဆိုက်ကပ်ပြီး ဒေသခံ လူငယ် ၄၀ ကျော်ကို စစ်မှုထမ်းရန်စီစဉ်နေကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကန်ကြီးထောင့်မြို့၊ မြင်းကဆိပ်ကျေးရွာသို့ စစ်သင်္ဘောဆိုက်ကပ်ခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် မြင်းကဆိပ်ကျေးရွာသည် ဆန်စက်ကြီး ၇ လုံး တည်ရှိပြီး ဆန်၊ စပါးများကို ပုသိမ်၊ ရန်ကုန်နှင့် အခြားမြို့နယ်များသို့ သယ်ဆောင်ပေးပို့ခြင်းများအတွက် စက်လှေ၊ သင်္ဘောများနေ့စဉ်ဆိုက်ကပ်လျက်ရှိပြီး စည်ကားသည့် ဆိပ်ကမ်းတစ်ခုတည်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ကြောင်းနှင့် ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများပြားပြီး အနီးဝန်းကျင်ကျေးရွာများမှ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားသည့်ကျေးရွာကြီးဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

“ပြည်ဖျက်မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ခဲ့မှုအပေါ်မှာ အဆိုးမြင်ဝါဒနဲ့ ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပျက်ပြားအောင် လုပ်ဆောင်နေတာတွေ ပြည်သူလူထုကြားထဲမှာ ဝေဖန်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေရှိအောင် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

“တချို့သောပြည်ဖျက်မီဒီယာတွေရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်အဖွဲ့တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် စစ်မှုထမ်းဟောင်းများအားလုံးပါ သေနတ်ကိုင်ပြီး ချက်ချင်းရှေ့တန်းထွက်ရမလို ပြောဆိုနေကြတာရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

“သောင်းကျန်းသူအဖွဲ့များက ၎င်းတို့ကြီးစိုးတဲ့ နယ်မြေများမှာ အသက် ၁၅ နှစ်မှ အသက် ၅၀ နှစ်ကြား အမျိုးသားရော၊ အမျိုးသမီးပါ တစ်အိမ်ကို ၁ ယောက်၊ ၂ ယောက်နှုန်းနဲ့ မဖြစ်မနေ အတင်းအကြပ် စုဆောင်းနေတဲ့ ဗွီဒီယိုမှတ်တမ်းသက်သေများကို နိုင်ငံသားတိုင်း တွေ့မြင်ကြပြီးဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

“မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ရေးပညာတတ်သွားမှာ၊ နိုင်ငံတော်ကိုကာကွယ်ရင်းနဲ့ စည်းလုံးညီညွတ်မှုရှိသွားမှာ၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်လာမှာကို သူတို့အလွန်အမင်း စိုးရိမ်နေပြီးတော့ ဒီလိုဥပဒေပြဋ္ဌာန်းလာမှုအပေါ် သွေးခွဲခြိမ်းခြောက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

“ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ၁၉၅၈ ခုနှစ်ကတည်းက ရေးဆွဲထားတဲ့ဥပဒေဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ အဆိုပါဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

“ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ဖို့အကျုံးဝင်တဲ့ နိုင်ငံသားတိုင်း တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ပုဒ်မ(၁၅)အရ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ တာဝန်ထမ်းဆောင်ဖို့အတွက် ယာယီရွှေ့ဆိုင်းခွင့်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့်အခွင့်အရေး ပိုင်ရှင်များ၏အခွင့်အရေးများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အမိန့်ကြော်ငြာစာအမှတ် (၂၁၈/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့တွင် အာဏာသက်ဝင်ခဲ့ပြီ ဖြစ်ပါသည်။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ မှတ်ပုံတင်လျှောက်ထားခြင်းအတွက် လိုအပ်သော လျှောက်လွှာပုံစံများကိုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၃) ဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ စာပေ သို့မဟုတ် အနုပညာလက်ရာ မှတ်ပုံတင်လျှောက်ထားခြင်း၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ယင်းတို့နှင့်စပ်လျဉ်းသည့် လျှောက်ထားခြင်းများအတွက် လျှောက်လွှာပုံစံအမျိုးအစား ၁၃ မျိုးကို သတ်မှတ်ထုတ်ပြန်ထားပါသည်။ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် မှတ်ပုံတင်ခြင်းနှင့်သက်ဆိုင်သည့် လျှောက်ထားမှုအမျိုးမျိုးအတွက် ပေးသွင်းရမည့်အခကြေးငွေများကို သတ်မှတ်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။ လျှောက်လွှာ တစ်စောင်ချင်းစီအတွက် သုံးစွဲသူလက်စွဲ (User Guideline) ကိုလည်း ထုတ်ပြန် သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာကောလိပ် (မန္တလေး) တို့ပူးပေါင်း၍ ကျင်းပသည့် “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီတွင် ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံလူငယ် ရေးရာဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 15, 2024

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရေကြည်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၀၃ ခုမှ ပြည်သူ ၆၃၃ ဦး၊ ဘိုကလေးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၆ ခုမှ ပြည်သူ ၆၁၂ ဦး စုစုပေါင်း ၁၂၄၅ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်