Skip to main content

Sep 01, 2024

(၁၉) ကြိမ်မြောက် အာရှမီဒီယာထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ (19th ASIA MEDIA SUMMIT & ASSOCIATED MEETINGS) ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှ ၅ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) က စီစဉ်ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို့သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့မွန်းလွဲပိုင်းတွင် ရေဆင်းရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ယခုနှစ်အတွင်း မိုးရွာသွန်းမှု၊ ရေဝင်ရောက်မှုအခြေအနေများနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားဆောင်ရွက်မှုအခြေအနေများ၊ တမံကြံ့ခိုင်မှုအတွက် စောင့်ကြည့်လေ့လာဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

မြန်မာနိုင်ငံသည် ILO နှင့်ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား (National Complaint Mechanism– NCM) ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှကိုယ်စားလှယ်၊ အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယမန်နေ့မွန်းလွဲပိုင်းက ပျဉ်းမနားမြို့ ငလိုက်ချောင်းတံတားသို့သွားရောက်၍ ယာယီရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ချောင်းကမ်းပါးတွင် စိုက်ပျိုးထားရှိသည့် နှစ်ရှည်ပင်နှင့် အလှပန်းပင်များ၊ မြေယာရှုခင်းများ ရေနစ်မြုပ်ကာ ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ဩဂုတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းကျောင်း၏ သင်ကြားသင်ယူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 01, 2024

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဖူးမြော်ကြည်ညို၍ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော စက်မှုဝန်ကြီးဌာနဝန်ထမ်းများနှင့် မိသားစုများမှလှူဒါန်းသည့် သင်္ကန်းပရိက္ခရာများ၊ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်