Feb 15, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လယ်ဝေးမြို့နယ် သော်မှော်ကုန်းစံပြကျေးရွာအပါအဝင် ကျေးရွာ ၄၃ ရွာ၌ ICT စင်တာများ ထူထောင်၍ ဒစ်ဂျစ်တယ်နည်းပညာ ဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 15, 2024
တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ၁/၂၀၂၄ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရုံး အမှတ် (၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
Feb 15, 2024
ကျောင်းသားလူငယ်များ စီးပွားရေးဆိုင်ရာ အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်၊ အနာဂတ်တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေး အဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော မက်ခရိုဘောဂဗေဒ ညွှန်းကိန်းများဆိုင်ရာ ဟောပြောပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။
Feb 15, 2024
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ သပြေရေဒီယိုအစီအစဉ်ကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများအတွက် လှိုင်းလတ် ၄၂၂ မီတာ၊ ၇၁၁ ကီလိုဟတ်ဇ်ဖြင့်လည်းကောင်း၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် FM 99.6 မဂ္ဂါဟတ်ဇ်ဖြင့်လည်းကောင်
Feb 15, 2024
နေပြည်တော်တွင် ငါးရက်တာကျင်းပခဲ့သည့် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME ထုတ်ကုန်အရောင်းပြခန်း ၃၄ ခန်း၊ ရိုးရာ အစားအစာပြခန်း ၁၉ ခန်း ပါဝင်ခင်းကျင်းပြသရောင်းချခဲ့ပြီး ထိုသို့ရောင်းချခဲ့ရာတွင် ရိုးရာအစားအစာများနှင့် အမှတ်တရပစ္စည်းများ အထူးရောင်းချခဲ့ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ရိုးရာအစားအစာ ပြခန်းများမှ သိရသည်။ ထိုသို့ရောင်းချခဲ့ရမှု နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြအပ်ပါသည်။
Feb 15, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 15, 2024
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Feb 15, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စေတနာရှင် အလှူရှင်များက နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ကျင်းပပြုလုပ်သည်။
Feb 15, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာများ ၊ တိုင်းတာဝန်ခံအရာရှိများနှင့်အတူ နေပြည်တော် - မန္တလေး ရထားလမ်းပိုင်းရှိ ဘူတာများ၊ ရထားလမ်းတံတားများ၊ စက်ခေါင်းပြင်စက်ရုံ (မန္တလေး)၊ ဇလီ ဖားပေါင်းစက်ရုံ (မြို့ဟောင်း) နှင့် ဝန်ထမ်းနေအိမ်လိုင်းခန်းများကို ကြည့်ရှုစစ်ဆေးသည်။
Feb 15, 2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတို့တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Feb 15, 2024
ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေတွေကို အာဏာတည်စေမယ့်ရက်များ အတည်ပြုသတ်မှတ်ပြီးဖြစ်ပါတယ်။ အဲဒီလို အတည်ပြုတဲ့နေရာမှာ တချို့သော ပြည်ဖျက်မီဒီယာများရဲ့ ထုတ်လွှင့်ချက်တွေ၊ တချို့သော သောင်းကျန်းသူအဖွဲ့အစည်းများ၊ တချို့သောအကြမ်းဖက်အဖွဲ့အစည်းများရဲ့ လှုံ့ဆော်မှုတွေကြောင့် မိဘပြည်သူများနဲ့ တချို့သော
Feb 15, 2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် အပူပိုင်းဒေသဖြစ်သည့်အတွက် အပူပိုင်းတွင် ပေါက်ရောက်တက်သော ထနောင်း၊ မကျည်း၊ ကုက္ကိုပင်များနှင့် ဆေးဘက်ဝင်အပင်များလည်း ပေါက်ရောက်ရာဒေသဖြစ်ပါသည်။
Feb 15, 2024
ရော်ဘာသည် ပြည်တွင်းစက်မှုလုပ်ငန်းအတွက်သာမက ပြည်ပပို့ကုန်များအတွက်လည်း အရေးပါသော စက်မှုကုန်ကြမ်းသီးနှံဖြစ်သောကြောင့် ရော်ဘာကို ခြံများဖြင့် စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။
Feb 15, 2024
မိုးမခပန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် အများဆုံးစိုက်ပျိုးကြပြီး ၎င်းမှာ ဆောင်းရာသီတွင် အထွက်များသော်လည်း နေရောင်ခြည်ကို အလုံအလောက်ရရှိရန် လိုအပ်သော အပင်တစ်မျိုးဖြစ်သည်။
Feb 15, 2024
လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကလီထော်အုပ်စု၊ ရွှေကြာကန်ကျေးရွာရှိ စီးပွားရေးလုပ်ငန်းရှင် ဦးကျော်လင်းဦး၏ ငါးမွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ရာတွင် ခြံမန်နေဂျာ ဦးမျိုးချစ်က ရှင်းလင်းပြောကြားရာမှာ မိမိတို့ငါးကန်သည် ဧက(၃၀)ရှိသည့်အတွက် ငါး(၃)မျိုးဖြစ်သည့် ငါးတန်၊ ငါးမြစ်ချင်းနှင့် ငါးမုန့်များကို မွေးမြူထားကြောင်း သိရှိရပါသည်။
Feb 15, 2024
Artificial Intelligence (AI) ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ဖို့ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ တိုးတက်ရေးအားပေးကူညီကြပါစို့
Feb 15, 2024
နိုင်ငံတော်အနေဖြင့် ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်စေရေးအတွက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကဏ္ဍတစ်ခုအဖြစ် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး စားသုံးသူအခွင့်အရေး ပြည့်ပြည့်ဝဝရရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသလို ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်
Feb 15, 2024
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ် (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီတွင် ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ စိုးဝင်း၊ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက In-Person ဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီ/ တိုင်း ဒေသကြီး/ ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌများက Video Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
Feb 15, 2024
အာဆီယံ - ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၃) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ National Activities Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် “နိုင်ငံ့ဝန်ထမ်းအရာရှိများအတွက် စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စွမ်းဆောင်ရည်များနှင့် နည်းလမ်းများ မျှဝေဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
Feb 15, 2024
ဥပဒေအရာရှိအဆင့်-၄ (အစမ်းခန့်) များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
