Sep 01, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ တိရစ္ဆာန်ဆေးကုသိပ္ပံ ဒီပလိုမာသင်တန်းကျောင်း၏ သင်ကြားသင်ယူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံသည်။
Sep 01, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်သို့သွားရောက်၍ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဖူးမြော်ကြည်ညို၍ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော စက်မှုဝန်ကြီးဌာနဝန်ထမ်းများနှင့် မိသားစုများမှလှူဒါန်းသည့် သင်္ကန်းပရိက္ခရာများ၊ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
Sep 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့်အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဩဂုတ် ၂၆ ရက်မှစ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Sep 01, 2024
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲအခမ်းအနား၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက မကွေးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များအတွက် ငွေကျပ် သိန်း ၃၀ နှင့် လူထုသိပ္ပံကျမ်းစာအုပ်နှင့် သုတ၊ ရသ စာအုပ်စာစောင် မျိုးစုံ လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Sep 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 01, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီလေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ အမျိုးသမီးဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးအရာရှိခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကား ပြောကြားသည်။
Sep 01, 2024
စီးပွားရေးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံးစီးပွားရေးလုပ်ငန်းစုဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးအားကောင်းလာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Sep 01, 2024
နိုင်ငံတစ်နိုင်ငံတည်ထောင်ရေး၊ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲရေးတို့အတွက် အချိန်ကာလရှည်လျားစွာ အသက်သွေးချွေးတို့ပေးဆပ်ရင်းနှီး၍ အားထုတ်ကြိုးပမ်းကြရသလောက် နိုင်ငံပြိုကွဲပျက်စီးရန်နှင့် လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်စိုးမှုတို့ ဆုံးရှုံးရန်အတွက်မှာမူ အချိန်တိုအတွင်း အလွယ်တကူဖြစ်နိုင်သည်။ ယနေ့ကမ္ဘာတွင် စစ်မီးတောက်လောင်နေသည့်နေရာတိုင်း၊ ပြည်တွင်းပဋိပက္ခများနှင့် မငြိမ်မသက်မှုများ ဖြစ်ပွားနေသည့်နေရာတိုင်းတွင် မီးတောက်မီးလျှံတို့ ပို၍ကြီးမားလာအောင်၊ ပဋိပက္ခများပို၍ ပြင်းထန်လာအောင် အဖျက်အင်အားစုများက လုပ်ဆောင်နေကြသည်ကို တွေ့နိုင်သည်။
Aug 31, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့)ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
Aug 31, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယနေ့မွန်းလွဲပိုင်းက မန္တလေးမြို့ အမျိုးသားဇာတ်ရုံတွင် ကျင်းပသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၁၈) ကြိမ်မြောက် ပန်းချီ၊ ပန်းပုလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်စင်တင်တင်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်သည်။