ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၇ - ၉ - ၂၀၂၄ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၃၆) တွင် ဖွေးဥသည် စံပယ်ပင်လေးကို ပမာပြု၍ ကျောင်းစာများကို ယခင်ကထက်ပို၍ ကြိုးစားသင်ယူလေ့ကျင့်ရာက စာတော်သူဖြစ်လာပုံအကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးတင်ပါတယ် စံပယ်ပင်လေးရယ်” မျက်နှာဖုံးကာတွန်း၊ နိုင်ဂျီးရီးယားနိုင်ငံရှိ ကြေးထည်များနှင့် ကြေးသွန်းလုပ်မှုအစဉ်အလာများအကြောင်းကို ဗဟုသုတဖြစ်ဖွယ်တင်ဆက်ထားသည့် “ဘန်နင်းကြေးပန်းပု” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ သူတစ်ပါးအပေါ် မကောင်းကြံမိရာက မိမိကိုယ်တိုင်လည်း ဒုက္ခရောက်ရသော မြင်းတစ်ကောင်အကြောင်း သရုပ်ဖော်ထားသည့် “အမှားနောင်တ” နှစ်မျက်နှာကာတွန်း၊ ဗိုက်ခဏခဏဆာတတ်ပြီး အစားကိုမဆင်မခြင်စားတတ်သော ရေမြင်းလေးမင်းသုအကြောင်း ဖတ်ရှုရမည့် “အစားပုပ်တဲ့ ရေမြင်းလေး” ပုံပြင်ကဏ္ဍ၊ ကပ်စေးနှဲသော ဦးအောနှင့် ယတြာချေရန် နည်းလမ်းကောင်းကို အကြံပေးလိုက်သော ရန်ပိုင်စိုးတို့အကြောင်း ဟာသဖြစ်ဖွယ်ရေးဖွဲ့ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ တိရစ္ဆာန်မျိုးစုံတို့တွင် အစွမ်းကိုယ်စီရှိကြပုံအကြောင်း ရေးဖွဲ့ထားသည့် ဆရာကိုကျော်စွာ (ကျိုက်ပိ)၏ “အစွမ်းကိုယ်စီ” ကဗျာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ရွှေသွေးစကားဝိုင်းကဏ္ဍစုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်